နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ပင့်ဆောင်အပူဇော်ခံပွဲနှင့် အင်းသားရိုးရာလှေလှော်ပြိုင်ပွဲသို့ တက်ရောက်
နေပြည်တော်၊ အောက်တိုဘာ - ၂၁
အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဓမ္မဝိဟာရ ကျောင်းတော်ကြီးသို့ ပင့်ဆောင်အပူဇော်ခံပွဲအား ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်အား ဦးဆောင်ပြီး ပင့်ဆောင်ပူဇော်သည်။






































































