news

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက် ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေ များနှင့်  စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဘုံတောကျေးရွာတွင် ဖေဖော်ဝါရီ ၁၂ ရက် နေ့က အမျိုးသား ၄၀ နီးပါးကို တပ်မတော်က ဖမ်းဆီးသွားကြောင်းနှင့် ဖော်ဖော်ဝါရီ ၂ ရက် နေ့ကလည်း  ကလေးမြောက်ပိုင်း၊ ကျီကုန်းရွာက သီရိလင်္ကာဘုန်းကြီးကျောင်းတွင် ဒကစမှူးကိုယ်တိုင်ဆင်းကာ ပြည်သူ့စစ်အတွက် လူအင်အား ၄၀ မဖြစ်မနေပေးဖို့ တောင်းသွားတယ် ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖြန်ဝေနေသည်ကိုတွေ့ရှိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော်မှ ထိခိုက်ကျဆုံးမှုများပြားမှုကြောင့် မြို့ပေါ်ရပ်ကွက်များကို မီးရှို့ဖျက် ဆီးနေကြောင်းနှင့် စစ်ရှောင်ပြည်သူများ၏ နေအိမ်များအတွင်းရှိ အဖိုးတန်ပစ္စည်း များကိုလည်း စစ်ကားများဖြင့် သယ်ဆောင်သွားကြကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအား အထင်အမြင် လွှဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံသတင်းများ ရေးသား ဖြန့်ဝေလျက်ရှိပါသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

          ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက ပြည်ပနိုင်ငံများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် သံအမတ်ကြီးများ၊ သံရုံးယာယီ တာဝန်ခံများနှင့် ကောင်စစ်ဝန်ချုပ်များအနက်မှ နိုင်ငံတော်အကြီးအကဲ၏ ဩဝါဒခံယူရန် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူထားသည့် သံအမတ်ကြီးနှင့် သံရုံးယာယီတာဝန်ခံ (၁၉)ဦးတို့နှင့် ပြည်ပသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် သံအမတ်ကြီး (၄)ဦးတို့အား တွေ့ဆုံသည့်   အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက် (အင်္ဂါနေ့)နံနက် ၁၀၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ၁၅၃၀ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ကျေးရွာအုပ်စု၊ ပွဲကောက် ကျေးရွာအနီးတွင် နန်းဝင်းကျော် မောင်းနှင်ပြီး နိုင်လင်းထွန်း လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၂၉၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၈၄၅ အချိန် ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ လမ်းနှင့် ၆၃ လမ်းထောင့်တွင် ထိန်လင်းအောင်(ခ)ရန်ပီဖူး အား မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၀၈၁၅ အချိန် မဟာအောင်မြေမြို့နယ်၊ ၆၅ လမ်းနှင့် ၄၃ လမ်းထောင့်တွင် လီရှင်းဖင်(ခ)ထွန်းထွန်း အား BORGWARD အမျိုးအစား မော်တော်ယာဉ်တစ်စီးနှင့် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သဖြင့် နန်းဝင်းကျော်(၃၁)နှစ်၊ နိုင်လင်းထွန်း(၃၆)နှစ်၊ ထိန်လင်းအောင်(ခ)ရန်ပီဖူး(၂၆)နှစ်နှင့် လီရှင်းဖင်(ခ)ထွန်းထွန်း(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။