news

          ရွှေတိဂုံစေတီတော်မြတ်ကြီးအား  သံဃာအပါး(၁၁၁၁၁)ပါး တို့ဖြင့် ဗုဒ္ဓဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားနှင့် စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ အောင်မြင် စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော်မြတ်ကြီး ရှေးဟောင်းတန် ဆောင်း၌ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ တိပိဋကာလင်္ကာရစာသင်တိုက်ကြီး၏ ဦးစီး ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံဟော်နန်း အသစ် ဆောက်လုပ် နေမှုအခြေအနေများနှင့် နောင်တုံကန်အတွင်း သဲ၊ နုန်း များဆယ်ယူ နေမှုအခြေအနေများအား ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် တာဝန်ရှိသူများ သွားရောက် ကြည့်ရှုကြသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          မြန်မာနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် ရုရှား Bloggers အဖွဲ့အား ယနေ့ ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်ရှိ  မြတ်တော်ဝင်ဟိုတယ်၌ ညစာဖြင့်တည်ခင်းဧည့်ခံသည်။

          မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ရေကစားမဏ္ဍပ်အား လက်ပစ်ဗုံး ဖြင့် အကြမ်းဖက်ဖောက်ခွဲရန် ပြုလုပ်ခဲ့သော PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးအား ဧပြီ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ဒေသခံပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

            မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ PDF အမည် ခံအကြမ်းဖက်သမားများအနေဖြင့် ဒေသခံများအသွင်စိမ့်ဝင်၍ ခိုအောင်းနေထိုင်လျက်ရှိ ကြောင်းနှင့် ဒေသခံပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်း၊ အဓမ္မဆက်ကြေး ကောက်ခံခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင်ခြင်းနှင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးမှုမရှိသည့် ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်လျက်ရှိကြောင်း သိရှိ ရသည်။