၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လုံခြုံရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ် ကွက်၊ သီရိမွန်အိမ်ယာ၊ သီရိမွန်(၁၀)လမ်း၊ အမှတ်(၈)ရှိ PAL Hotel တွင် လောင်းကစားဝိုင်း ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ အဆိုပါဟိုတယ်အား သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါဟိုတယ် ဒုတိယထပ်တွင် လောင်းကစားဝိုင်း တည် ထောင်၍ စီမံခန့်ခွဲ လုပ်ကိုင်နေသူ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား (၃) ဦး၊ မြန်မာ နိုင်ငံသား အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး၊ လောင်းကစားဝိုင်း၌ အလုပ်လုပ်ကိုင်သူ မြန်မာ နိုင်ငံသား အမျိုးသား(၇)ဦး၊ အမျိုးသမီး(၂၄)ဦးနှင့် လောင်းကစား လာရောက်ကစားသူ တရုတ် နိုင်ငံသား အမျိုးသား(၅)ဦး၊ အမျိုးသမီး(၁)ဦး၊ မြန်မာနိုင်ငံသား အမျိုးသား(၃)ဦး၊ အမျိုးသမီး(၂)ဦး စုစုပေါင်း (၄၇)ဦးတို့အား လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဘူကြီးလောင်းကစားခုံ (၅)ခုံ၊ ပဲကြားလော့ လောင်းကစားခုံ (၂)ခုံ၊ ကုလားသုံးကောင် လောင်းကစားခုံ(၁)ခုံ၊ ငါးပစ်ဂိမ်း လောင်းကစားခုံ (၁)ခုံ၊ ဖဲထုတ် (၂၅၄)ထုတ်၊ ငွေကျပ် ငါးရာမှ သိန်းတစ်ရာထိပါ တုံကင်ပြားများ၊ လက်ကိုင်ဖုန်း (၃၈)လုံး၊ လက်တော့ (၂)လုံး၊ Tablet (၁)လုံး၊ All in one ကွန်ပျူတာ (၁)လုံး၊ လောင်းကစားပြုလုပ်ရာတွင် ငွေအလွှဲ/အပြောင်း ပြုလုပ်ရာ၌ အသုံးပြသည့် Bank Account နံပါတ်များ ရေးသားထားသည့် ကဒ်ပြား (၁)ခု၊ ဖဲချပ်ဖျက်စက်(၁)လုံး၊ ငွေရေတွက်စက်(၁)လုံး၊ CCTV Recorder (၁)လုံး၊ လောင်းကြေးငွေ (၃၀၁)သိန်းကျပ်၊ ကား(၁၇)စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိ ခဲ့ပါသည်။
အဆိုပါဖမ်းဆီးရမိသူ Mr.Yang Jian ပါ တရုတ်နိုင်ငံသား အမျိုးသား(၈)ဦး၊ အမျိုးသမီး (၁)ဦး၊ ဝင်းမြင့်ထွန်း ပါ မြန်မာနိုင်ငံသား အမျိုးသား(၁၁)ဦး၊ အမျိုးသမီး (၂၇)ဦး စုစုပေါင်း (၄၇)ဦးတို့ အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိပြီး တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။