news

မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရေး၊ ဒစ်ဂျစ်တယ်စီးပွားရေး၊ e-Government စနစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် သတင်းအချက်အလက်နည်း ပညာကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် Aquarius နည်းပညာကုမ္ပဏီ၏ ထုတ်ကုန် များအား ပိုမိုနားလည်စေရန် ရည်ရွယ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန နှင့် Aquarius နည်းပညာကုမ္ပဏီ တို့ပူးပေါင်း၍ “Aquarius Day” ဖိုရမ်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့၊ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေစာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နေပြည်တော်၊  နိုဝင်ဘာ  ၃၀

          ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ ဖြည့်စွက်ခွင့်ပြုငွေ စာရင်းများ တင်ပြခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကား ပြောကြားသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၅၂ / ၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော်  ၂  ရက်

( ၂၀၂၃ ခုနှစ် ၊  နိုဝင်ဘာလ  ၂၉  ရက် )

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ

(THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY) ကို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၅၁ / ၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော်  ၂  ရက်

( ၂၀၂၃ ခုနှစ် ၊  နိုဝင်ဘာလ  ၂၉  ရက် )

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ

[THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ကို

နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ အပိုင်း(၁)၊ ရွှေနှင်းဆီလမ်း၊ အခန်း (၀၀၂)၊ တိုက် (၁၀)တွင် ပါတီရုံးချုပ် ဖွင့်လှစ်ထားရှိသော  ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ [THE 88 GENERATION STUDENT YOUTHS (UNION OF MYANMAR)PARTY] ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

            နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar ကို ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)မှ စစ်ရေယာဉ် ၃ စင်း ရှိ စစ်သည်များ  ရန်ကုန်မြို့အတွင်း ချစ်ကြည်ရေးခရီးလည်ပတ်ခြင်း၊ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်မှုအနေဖြင့် တရား မဝင် ဝင်ရောက်နေထိုင်သူများအား  တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှု အခြေအနေ၊ ဖမ်းဆီးခံထားရသောလွိုင်ကော်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသား ၁၉၃ ဦးထပ်မံ လွတ်မြောက်မှု၊ ၂၉-၁၁-၂၀၂၃ ရက်နေ့ ရှမ်းပြည်နယ် (အရှေ့မြောက်ဘက်)၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအခြေအနေများ၊ ရှမ်းပြည်နယ်အတွင်းရှိ EAO အဖွဲ့ဖြစ်သော (RCSS/SSA) နှင့်  (SSPP)အဖွဲ့တို့  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲခဲ့သောသတင်းနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီးစဉ်နဲ့ မြန်မာ-တရုတ် ရေကြောင်း လုံခြုံရေးလေ့ကျင့်ခန်းဆောင်ရွက်ဖို့ ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရေမှ စစ်ရေယာဉ်သုံးစီးမှ စစ်သည်များက ဒီနေ့မှာတော့ ရန်ကုန်မြို့အတွင်းမှာ ချစ်ကြည်ရေး ခရီးလည်ပတ်ခြင်း၊ သန်လျှင်တပ်နယ်မှာတော့ ချစ်ကြည်ရေးဘတ်စကက်ဘော ပြိင်ပွဲကျင်းပပြုလုပ်ခြင်းနဲ့ မြန်မာ့တပ်မတော်ရေမှ အရာရှိများက စစ်ရေးယာဉ်များကို သွားရောက်လေ့လာခြင်း၊ ညစာစားပွဲတည့်ခင်းဧည့်ခံ ခြင်းလုပ်ငန်းများကို လုပ်ဆောင်ခဲ့ပါတယ်။ နယ်စပ်ဒေသတရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကိစ္စရပ်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်နေထိုင်တဲ့ အမျိုးသား ၂၁၁ ဦး၊ အမျိုးသမီး ၅၁  ဦးစုစုပေါင်း ၂၆၂ ဦးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံကို လွှဲပြောင်းပေးနိုင်ခဲ့ပါတယ်။ အားလုံး လွှဲပြောင်းပေးခဲ့မှု  ၁၁၇၀ ဦးရှိပြီး ဖြစ်ပါတယ်။ နှစ်နိုင်ငံအစိုးရနဲ့ နှစ်နိုင်ငံတပ်မတော် များအနေနဲ့ နီးကပ်စွာ၊ ရင်းနှီးစွာနေထိုင်လျက်ရှိပါတယ်။ ဒီဟာတွေနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ ပြည်ဖျက်မီဒီယာများအနေနဲ့ အမျိုးမျိုး ဝေဖန် နေတာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅) ရပ်နဲ့အညီ နှစ်ပေါင်းများစွာ ချစ်ကြည်ရင်းနှီးစွာ နေထိုင် လာခဲ့တာဖြစ်ပါတယ်။ တရုတ်-မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး၊ တပ်မတော်ချင်း ဆက်ဆံရေး၊ ပြည်သူလူထုချင်း ဆက်ဆံရေးဟာ နောင်မှာလည်း မိုပိုရင်းနှီး ချစ်ကြည် နီးကပ်လာမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (/၂၀၂၃)သို့ တက်ရောက်အမှာစကားပြောကြား

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီကို လိုလားသည့် ပြည်သူလူထုနှင့် တစ်သားတည်းရှိ

နေပြည်တော်၊ နိုဝင်ဘာ - ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး(၆/၂၀၂၃)ကို ယနေ့နံနက်ပိုင်း တွင်နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          ဧရာဝတီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်း တစ်လျှောက်ရှိမြစ်ဝကျွန်းပေါ်နေကျေးရွာများမှ ဒေသခံပြည်သူများအား နိုဝင်ဘာ (၁) ရက်မှ (၂၈) ရက်အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့နှင့် ကျန်းမာရေး ဝန်ကြီးဌာနနယ်လှည့်အထူးကုဆေးအဖွဲ့တို့မှ ပါရဂူများ၊ ဆေးမှူးများနှင့်သူနာပြု များပါဝင်သော တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဗောတံတားသို့ ပြန်လည်ရောက်ရှိလာရာ ဧရာဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက်ကြသည်။

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေ)44th PLA Navy Escort Task Group (ETG) မှ စစ်ရေယာဉ်များဖြစ်သည့် ဖျက်သင်္ဘော Zi Bo နှင့် ဖရီးဂိတ်စစ်ရေယာဉ် Jing Zhou တို့ကို ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများက သွားရောက် ကြည့်ရှုလေ့လာ ကြသည်။