ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကြောင့် ယာယီတိမ်းရှောင်နေရာမှ မိမိနေရပ်သို့ပြန်လည်ရောက်ရှိလာသည့် ထီဗွာကျေးရွာမှ ဒေသခံပြည်သူ ၅၉ ဦးကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ကျေးရွာခန်းမအတွင်း၌ ဖမ်းဆီးထားသည်ဟု အထင်အမြင်လွဲမှားဖွယ် သတင်းတု၊ သတင်းအမှားများကို တရား မဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ ဆီဆိုင်မြို့နယ်အတွင်း PNLA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံပြည်သူများ ယာယီနေရပ်စွန့်ခွာ တိမ်းရှောင် နေလျက်ရှိရာ အဆိုပါဒေသများ ပြန်လည်တည်ငြိမ်အေးချမ်းရေးအတွက် နယ်မြေခံ တပ်မတော်သားက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ခဲ့မှုကြောင့် ယခုအခါ ဒေသခံတိုင်းရင်း သားများ ပြန်လည်ဝင်ရောက်နေထိုင်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ပြန်လည်ဝင် ရောက်လာသည့် ဒေသခံတိုင်းရင်းသားပြည်သူများကို ဖမ်းဆီးထားသည်ဆိုသည့် သတင်းမှာ မှန်ကန်မှုမရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
PNLA အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နေအိမ်များ မီးလောင်ပျက်စီးပြီး တည်ငြိမ်အေးချမ်းမှုပျက်ပြားခဲ့ရသည့် ဆီဆိုင်မြို့နယ်မှ ဒေသခံ ပြည်သူများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင် ကန့်ကွက်လျက်ရှိသည့် အတွက် တရားမဝင် ပြည်ဖျက်မီဒီယာများမှတစ်ဆင့် သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။