မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးပြုလုပ် နေပြည်တော် ဇွန် ၁၃

Thursday, June 13, 2024 - 16:00

          မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးကို ဇွန် ၁၁ ရက် နေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးနှင့် တပ်မတော်အရာရှိကြီးများ၊ အိန္ဒိယတပ်မတော်မှ တွဲဖက်ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General  Charanjeet Singh Dewgun, YSM, ADG MI(A) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ဆွေးနွေးကြသည်။

          ဦးစွာ မြန်မာ့တပ်မတော်အဖွဲ့ခေါင်းဆောင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုဦးနှင့် အိန္ဒိယတပ်မတော်မှ အဖွဲ့ခေါင်းဆောင် တွဲဖက် ထောက်လှမ်းရေးညွှန်ကြားရေးမှူးချုပ် Major General  Charanjeet Singh Dewgun, YSM, ADG MI(A) တို့က နှုတ်ခွန်းဆက်စကားများ အသီးသီးပြောကြားကြသည်။ ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် နှစ်နိုင်ငံကိုယ်စားလှယ် အဖွဲ့ဝင် များက သက်ဆိုင်ရာကဏ္ဍအလိုက် အပြန်အလှန်ဆွေးနွေးကြသည်။ ယင်းနောက် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် ဆောင်ရွက်ပြီးစီးမှုများအား ဖတ်ကြား ရှင်းလင်းကြ သည်။ ယင်းနောက် နှစ်နိုင်ငံအဖွဲ့ခေါင်းဆောင်များသည် အမှတ်တရ ပစ္စည်းများအပြန် အလှန်လဲလှယ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

          အဆိုပါ အိန္ဒိယတပ်မတော်ကိုယ်စားလှယ်အဖွဲ့အား ညပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး က ဂုဏ်ပြုညစာဖြင့် တည်ခင်း ဧည့်ခံသည်။      

          မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးသို့ တက်ရောက် လာကြသည့် အိန္ဒိယတပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိ နေစဉ်အတွင်း နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအားသွားရောက် ဖူးမြော်ကြည်ညိုကြပြီး နေပြည်တော်ရှိ အထင်ကရ နေရာများဖြစ်သည့် သူရဲကောင်းဗိမာန်နှင့် ကျောက်မျက်ရတနာပြခန်းတို့သို့ လေ့လာခဲ့ ကြသည်။ ထို့အပြင် ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ ဗိုလ်ချုပ် အောင်ဆန်းဈေးသို့လည်းကောင်း သွားရောက် လေ့လာခဲ့ကြပြီး ရွှေတိဂုံစေတီတော်အား သွားရောက်ဖူးမြော်ခဲ့ကြကြောင်း သတင်းရရှိ သည်။