news

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးမှုအခြေအနေများ၊ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ပူးပေါင်းဆောင်ရွက် နေမှုများအပေါ် အနောက်နိုင်ငံအားပေး၊ အထောက်အပံ့ယူထားသည့်မီဒီယာများမှ နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားလာအောင် ဝေဖန်တိုက်ခိုက်မှုများ၊ AA အကြမ်းဖက်သောင်းကျန်းသူများက မြောက်ဦးခရိုင်ရှေးဟောင်းသုတေသနဦးစီးဌာန ကမ္ဘာ့အမွေအနှစ် စီမံခန့်ခွဲရေးဌာနပိုင် ယာဉ်များ၊ ခရိုင်ဖွံ့ဖြိုးရေးယာဉ်များ၊ ကျေးလက်ဖွံ့ဖြိုးရေးအတွက်ယာဉ်များ၊ သာသနာ ရေးဝန်ကြီဌာနပိုင်ယာဉ်များအား လက်နက်ငယ်များဖြင့်ခြိမ်းခြောက်ယူဆောင်၍ ၎င်းတို့ အဖွဲ့ကိုယ်ကျိုးအတွက် အသုံးပြုနေမှုများ၊ ၃-၁၂-၂၀၂၃ ရက်နေ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် တပ်မတော်မှ ခြေလျင်တပ် များ၊ လေယာဉ် နှင့် အမြောက်များပေါင်းစပ်ပြီး ရွံ့ရွံ့ချွံ့ချွံ့ ခုခံချေမှုန်းခဲ့မှုကြောင့် ဆုပ်ခွါထွက်ပြေးသွားမှုအခြေအနေများ နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့အတွက် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးကျဆုံးသွားခဲ့ သည့် ခေတ်အဆက်ဆက်မှ ကျဆုံးစစ်သည်များအား အောက်မေ့ဖွယ် ဂါရဝပြု ဆုတောင်းပွဲနှင့် အလေးပြုခြင်းအခမ်းအနားအား ဒဿမကြိမ်မြောက်အဖြစ် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ သူရဲကောင်း ဗိမာန်(နေပြည်တော်)၌ ကျင်းပပြုလုပ်သည်။

၂၀၂၃ ခုနှစ်     အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်း အနားကို  ယနေ့နံနက်  ၁၀ နာရီတွင်  နေပြည်တော်ရှိ   မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II) ၌  ကျင်းပရာ မသန်စွမ်းသူများ၏    အခွင့်အရေး များဆိုင်ရာ    အမျိုးသားကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း  တက်ရောက်အမှာစကား ပြော ကြားသည်။

          အကြမ်းဖက်သမားများအနေဖြင့် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားစေ ရန်နှင့် ကုန်စည်စီးဆင်းမှုများ ရပ်တန့်စေရန် ရည်ရွွယ်၍ စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားများနေထိုင်ရာ ရပ်ကွက်များ၊မြို့၊ရွာများ၊ ပညာရေးကျောင်း များ၊ သာသနိက အဆောက်အဦများအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက် ခြင်း၊ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်း၊ အများပြည်သူ အသုံးပြုသွားလာလျက်ရှိသည့် လမ်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နိုင်ငံတော်ပိုင် ပစ္စည်းများအား အဓမ္မယူဆောင်ခြင်း၊ နိုင်ငံဝန်ထမ်းများနှင့် အေးချမ်းစွာနေထိုင်လျက်ရှိသည့် အပြစ်မဲ့ ပြည်သူများအားလည်း အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ သတ်ဖြတ်ခြင်း စသည့် ဖြင့် အကြမ်းဖက်လုပ်ရပ်များကို နည်းလမ်းမျိုးစုံဖြင့် လုပ်ဆောင်လျက်ရှိသည်။

              တပ်မတော်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပေးရေးအတွက် အကြမ်းဖက်လက်နက် ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့များကို ချေမှုန်းတိုက်ခိုက် လျက်ရှိရာ နိုင်ငံတော်ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန်လည် တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့/စစ်ပြေး စစ်သည်များက ဆက်သွယ် တင်ပြလာမှုများအရ သတ်မှတ်ကာလနှင့် အကျုံးဝင်သည့် စစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံပေးသွားမည် ဖြစ်ကြောင်းနှင့် စစ်မှုထမ်းဆောင

           နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။

            အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင် နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို ငြိမ်းချမ်းရေးလိုလားသည့် ပြည်သူများက အားပေးထောက်ခံလျက်ရှိကြသည်။

          နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင်  စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။