မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကံမ္မကျေးရွာအနီး ဖြစ်ပွားခဲ့သည့် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံ
ပျံလွန်တော်မူခဲ့ရသည့် ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးအတွက် စိစစ်ဆောင်ရွက်လျက်ရှိမှုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်
ဒီနေ့မှာတော့ မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ကံမကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တဲ့ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ ဘဝနတ်ထံ ပျံလွန်တော်မူရခြင်း အကြောင်းနဲ့ပတ်သက်ပြီး ဆရာတော်၊ သံဃာတော်များနဲ့ တပည့်ဒါယကာ၊ ဒါယိကာမများကို အဖြစ်မှန်သိရှိစေရေး ရိုသေစွာလျှောက်ထား တင်ပြသွားမှာဖြစ်ပါတယ်ဘုရား။
ပထမဦးစွာ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ အဂ္ဂမဟာ သဒ္ဒမ္မ ဇောတိကဓဇဘွဲ့၊ ဘွဲ့ ၃ ဘွဲ့ ဆက်ကပ်ပူဇော်ခံခဲ့ရတဲ့ နိုင်ငံတော်သံဃနာယက အဖွဲ့ဝင်ဟောင်း ဘဝနတ်ထံပျံလွန်တော်မူပြီးဖြစ်ခဲ့တဲ့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ၏ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို တပည့်တော်တို့က ရိုသေလေးစားစွာ ရှိခိုးပူဇော်အပ်ပါတယ် ဘုရား။ အလားတူပဲ ဒဏ်ရာရရှိခဲ့တဲ့ ကန်သုံးဆင့် ပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ ဆရာတော်ကြီးအားလည်း ရိုသေစွာရှိခိုးပူးဇော်အပ်ပါတယ် ဘုရား။ သံဃာတော်အရှင်မြတ်များနဲ့ ဒါယကာ၊ ဒါယိကာမများဘုရား..
ဒီဖြစ်စဉ်ဟာ ယခုဇွန်လ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်မဖြစ်ပွားမီ အဲဒီဒေသရဲ့အခြေအနေများကိုလည်း သိရှိရန်လိုအပ်ပါတယ်။ ငါန်းဇွန်၊ မြို့သာဒေသဟာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီးမြောက်ခြမ်းက PDF အမည်ခံအကြမ်းဖက်အဖွဲ့များ ရွာသားအယောင်ဆောင် ဝင်ရောက်နေထိုင်ပြီး ဆက်ကြေး ကောက်၊ ပြန်ပေးဆွဲ၊ မိုင်းထောင် မိုင်းခွဲဖောက်ခွဲတိုက်ခိုက်တာတွေ စတာတွေကို မကြာခဏ လုပ်ဆောင်နေတဲ့နေရာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မဖြစ်ပွားခင် ၁ ရက်အလို ဇွန်လ ၁၈ ရက်နေ့ ညနေ ၆ နာရီလောက်မှာ PDF အမည်ခံ အကြမ်းဖက်သမား ၅ ဦးဟာ ဆိုင်ကယ် ၃ စီးနဲ့ မြို့သာ ကျေးရွာလမ်းအတိုင်း အရပ်ဝတ်များနဲ့ မောင်းနှင်လာပြီး မြို့သာနယ်မြေရဲစခန်းကို ပစ်ခတ်ခဲ့ပါ တယ်။ ရဲတပ်ဖွဲ့ဝင် ၁ ဦးနဲ့ ရဲစခန်းအနီးမှာနေထိုင်တဲ့ အပြစ်မဲ့ သာမန်အရပ်သားရွာသား ၁ယောက် ကျဆုံး/သေဆုံးခဲ့ရပါတယ်။ ယခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ဇွန်လ ၁၉ ရက်နေ့ နံနက် ၆ နာရီခွဲအချိန်လောက်မှာ ဆီမီးခုံနဲ့မန္တလေးပြေးဆွဲနေတဲ့ “ပြည့်စုံအောင်”ယာဉ်လိုင်းက မော်တော် ယာဉ်တစ်စီးကို အကြမ်းဖက်အဖွဲ့ PDF က ယခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကံမကျေးရွာအနီး ကံမရွာရဲ့ အနောက်မြောက်ဘက်က ဖောင်းကတော၊ သားကျင်ဘက်ကို ခေါ်ဆောင်သွားတယ်ဆိုပြီး ဒေသ ခံတွေက သတင်းပေးတိုင်ကြားလာခဲ့ပါတယ်။ ဒါကြောင့် ငါန်းဇွန်မြို့မှာရှိနေတဲ့ လုံခြုံရေးအဖွဲ့ များဟာ အဖွဲ့နှစ်ဖွဲ့ခွဲပြီး အရှေ့ဘက်လမ်းကြောင်း၊ အနောက်ဘက်လမ်းကြောင်း နှစ်ကြောင်းနဲ့ ဖောင်းကတော၊ သားကျင်နေရာကို လုံခြုံရေးဆောင်ရွက်ဖို့ ချီတက်ခဲ့ပါတယ်။ အနောက်ဘက် လမ်းကြောင်းက နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့အဖွဲ့ကို မနက် ၁၀ နာရီကျော်ကျော်လောက် မှာ ဖောင်းကတောရွာနားအရောက် PDF အကြမ်းဖက်အဖွဲ့ ၂၀ လောက်က မိုင်းဆွဲတိုက်ခိုက် ခဲ့လို့ အပြန်အလှန်ပစ်ခတ်ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပါတယ်။ အကြမ်းဖက်အဖွဲ့တွေ တောင်ဘက် ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ ကံမ္မရွာဘက်ကို ထွက်ပြေးသွားတာကိုလည်း တွေ့ရှိရပါတယ်။ တပ်က ကျဆုံး၊ ဒဏ်ရာရသူရှိခဲ့သလို အကြမ်းဖက်အဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရမှုရှိတယ် ဆိုတာသိရှိခဲ့ရပါတယ်။ အဲဒါနဲ့မရှေးမနှောင်းမှာပဲ အရှေ့ဘက်လမ်းကြောင်းကနေ ချီတက် နေတဲ့ လုံခြုံရေးအဖွဲ့ရောက်ရှိနေတဲ့ ကံမရွာအနီးက ပစ်ခတ်သံတွေကြားခဲ့ရပါတယ်။ အဲဒီ အရှေ့ဘက် လမ်းကြောင်းကနေ ချီတက်နေတဲ့လုံခြုံရေးအဖွဲ့ကလည်း ခုနက ကျွန်တော်ပြော ခဲ့တဲ့ မော်တော်ယာဉ်တစ်စီး ခေါ်ဆောင်သွားတယ်ဆိုတဲ့ ဖောင်းကတော၊ သားကျင်ရွာဘက်က နေ ထွက်ပြေးလာတဲ့ အကြမ်းဖက်အဖွဲ့တွေကို ပိတ်ဆို့နိုင်ဖို့ အလျင်အမြန်ချီတက်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အဲ့ဒီလုံခြုံရေးအဖွဲ့တွေဟာ ကံမရွာရဲ့ထိပ် ဘုရားအနီးလမ်းပေါ်မှာ ကံမရွာ ဘက်က မောင်းနှင်လာတဲ့ အရပ်နံပါတ်လိုင်စင်တပ် Surf အမျိုးအစား ယာဉ်တစ်စီးနဲ့ တွေ့ဆုံခဲ့ ပါတယ်။ ယာဉ်ကို ရပ်တန့်ဖို့ လုံခြုံရေးကားပေါ်ကနေ အော်ဟစ်တားဆီးတာ၊ လက်ပြ တားဆီးတာလုပ်ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။ နောက်ဆုံး သေနတ်ကိုမိုးပေါ်ထောင် ပစ်ခတ် တားဆီးခဲ့တယ်ဆိုတာလည်း သိရှိခဲ့ရပါတယ်။ အရပ်ကား Surf ကားက ကျော်တက် မောင်းနှင်သွားတဲ့အခါမှာ နောက်ကနေလည်း ပစ်ခတ်တားဆီးခဲ့တယ်ဆိုတာကို အကြမ်းဖျဉ်း သိရှိရပါတယ်။ ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ထပ်မံစိစစ်ဆန်းစစ်သွားမှာဖြစ်ပါတယ်။
သံယာတော်အရှင်သူမြတ်များနှင့် ဒါယကာ၊ ဒါယိကာမများဘုရား..
အဲဒီဒေသမှာ လုံခြုံရေးဆောင်ရွက်နေရတဲ့ စစ်သည်များရဲ့ တာဝန်ထမ်းဆောင်ရမှုဟာ အခက်အခဲများစွာရှိပါတယ်။ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေအနေနဲ့ အရပ်ဝတ်နဲ့ပဲ အရပ် သားအယောင်ဆောင်ပြီး အပြစ်မဲ့ပြည်သူတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို နည်းမျိုးစုံနဲ့ နှောင့် ယှက် တိုက်ခိုက်နေတာဖြစ်ပါတယ်။ ရန်သူ၊ မိမိ၊ သာမန်ပြည်သူလူထုကို ရုတ်တရက် ခွဲခြားနိုင် ဖို့ ခက်ခဲတဲ့အခြေအနေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဒီလိုအခြေအနေမျိုးမှာ မြို့ရွာတွေကို ကာကွယ်နိုင်ဖို့၊ သာမန်အရပ်သားပြည်သူတွေကို ကာကွယ်နိုင်ဖို့ ကြိုးစား တာဝန် ထမ်းဆောင်နေကြရပါတယ်။
တပ်မတော်အနေနဲ့ ဒီမြန်မာနိုင်ငံမှာ ယဉ်ကျေးမှု၊ ဘာသာ၊ သာသနာ စည်ပင်ထွန်းကား ပြန့်ပွားစေဖို့၊ ခိုင်မာစေဖို့ ရှေးယခင်ကတည်းက ယနေ့အထိ တက်ကြွနှိုးကြားစွာ ဆောင်ရွက်ခဲ့ တာကို ဗုဒ္ဓဘာသာနဲ့သက်ဆိုင်တဲ့ ဘာသာဝင်တွေအားလုံး သိရှိပြီးဖြစ်ပါတယ်။ ဒီဖြစ်စဉ် တစ်ခု လောက်ကို အခွင့်ကောင်းယူပြီး ပြည်ဖျက်မီဒီယာတွေ၊ NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့ တွေက ပျက်စီးရာ ပျက်စီးကြောင်း အချိန်ကိုက်လှုံ့ဆော်နေတာကိုလည်း တွေ့ရပါတယ်။ ဒီနေ့ အထိ NUG ၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ သတ်ဖြတ်တိုက်ခိုက်မှုတွေကြောင့် ရဟန်း သံဃာ ၁၄၀ ပါး၊ သီလရှင် ၂ ပါး ပျံလွန်တော်မူခဲ့ရပြီး ၉၆ ပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြောင်း နဲ့ပတ်သက်ပြီးတော့ ဘာတစ်ခွန်းမှမပြောဘဲ ရေငုံနှုတ်ပိတ်နေနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါတွေကို သတိရှိဖို့ လိုအပ်ကြောင်း မေတ္တာရပ်ခံလိုပါတယ်။
သံယာတော်အရှင်မြတ်များနှင့် ဒါယကာ၊ ဒါယိကာမများဘုရား..
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တပည့်တော်တို့လည်း ပဋိယတ္တိသာသနာမှာ တန်ဖိုးရှိ ထင်ရှား ကျော်ကြားလှတဲ့ သံဃာတော်အရှင်သူမြတ်တစ်ပါး ဆုံးရှုံးခဲ့ရလို့ များစွာ ဝမ်းနည်းကြေကွဲရပါ တယ်ဘုရား။ အဆင့်မြင့်အရာရှိကြီးများပါဝင်သည့် စုံစမ်းစစ်ဆေး အဖြစ်မှန်ဖော်ထုတ်ရေးအဖွဲ့ ဖွဲ့စည်းပြီး ဖော်ထုတ်သွားပါမယ်ဘုရား။ စုံစမ်းဖော်ထုတ်တွေ့ရှိချက်များအရ လိုအပ်သည့်အရေး ယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားပါမည်။
ဆရာ၊ ဒကာ လက်တွဲညီ သာသနာ့အကျိုးဆက်လက်ဆောင်ရွက်ပါမည်ဘုရား။
ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတုပါဘုရား။