ရုရှားနိုင်ငံ၏ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်တို့အား ရုရှားသမ္မတမှပေးအပ်ချီးမြှင့်သည့်ဘွဲ့တံဆိပ်များနှင့် မြန်မာ-ရုရှား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဆွေးနွေးချက်များ၊ မြန်မာ နိုင်ငံအတွင်း နယ်စပ်ဒေသများတွင် တရားမဝင်နေထိုင်သူများအား တရုတ်နိုင်ငံသို့ ပြန် လည်လွှဲပြောင်းပေးမှု အခြေအနေ၊ ၅-၁၂-၂၀၂၃ ရက်နေ့ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီး မြို့နယ်၊ မုန်းတိုက်နယ်ဖြစ်စဉ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်းဒေသကြီး တို့ တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအခြေအနေများ၊ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက် များနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်-
news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E. Mr Nikolai PATRUSHEV အား စွမ်းဆောင်မှုဆိုင်ရာဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဂုဏ်ပြုချီးမြှင့်
နေပြည်တော်၊ ဒီဇင်ဘာ - ၅
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် မြန်မာနိုင်ငံနှင့် ရုရှား နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနီးကပ်ခိုင်မာ အောင် စွမ်းစွမ်းတမံ တည်ဆောက်နိုင်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေး ကောင်စီ အတွင်းရေးမှူး Mr. Nikolai PATRUSHEV အား စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင် ဘွဲ့ဖြစ်သည့် သရေစည်သူဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ ၌ ကျင်းပပြုလုပ်သည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ချီးမြှင့်အပ်နှင်းသည့် Order of Alexander Nevsky ဘွဲ့တံဆိပ်အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai PATRUSHEV ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံအပ်နှင်းပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးမြှင့်ရေးအတွက်ဆွေးနွေးသည်။
PDF အမည်ခံအကြမ်းဖက်အဖွဲ့များသည် ၎င်းတို့အဖွဲ့အား ထောက်ခံ အားပေးမှုမရှိသည့် မြို့နယ်များအတွင်း စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့အရပ်သား ပြည်သူများသွားလာရာ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများသို့ လက်နက်ကြီး၊ Drop Bomp များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းနှင့် နေအိမ်များအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်း ဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများအပါအဝင် နိုင်ငံတော် တည်ငြိမ်အေးချမ်း ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံ သားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက် နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီတို့အကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီး အဆင့်ဆွေးနွေးပွဲတက်ရောက်မည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ လုံခြုံရေးကောင်စီ အတွင်းရေးမှူး မစ္စတာ နီကိုလိုင်းပတ်ထရူးရှက်ဖ် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားနိုင်ငံ၊ မော်စကိုမြို့မှ အထူးလေယာဉ်ဖြင့် ထွက်ခွာခဲ့ပြီး နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့ ည ၁၀ နာရီ အချိန်တွင် ရောက်ရှိခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ကြိုဆိုခဲ့ကြသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိ သောလုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်း လျက်ရှိသည်။
မြန်မာ့အမျိုးသားရေးကွန်ရက်အဖွဲ့မှ ဦးဆောင်ပြီး "အလုံးစုံပျက်သုဉ်းရေးကို လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင် ရှုတ်ချပွဲ" ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့၊ မဟာဗန္ဓုလ ပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ပြုလုပ်ခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့ရှိ နယ်မြေခံတပ်ရင်းများ နှင့် မြို့ဝင် သံတံတားတို့အား KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အား ၁၅၀၀ ခန့်ဖြင့် တိုက်ခိုက်ခဲ့ပြီး မုန်းမြို့အား ဒီဇင်ဘာ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာများ ပေါ်တွင် မဟုတ်မမှန် လုပ်ကြံ၍ သတင်းအမှားများ ဖြန့်ချိဝါဒဖြန့်လျက်ရှိသည်ကို တွေ့ရှိရသည်။


























