နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန်တာဝန်ရှိသည်။
ယင်းတာဝန်များကို ထမ်းဆောင်ရန်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင် ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှု ထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ဥပဒေအမှတ် (၂၇/၂၀၁၀)ဖြင့် ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် ယင်းဥပဒေအား စတင်အသက်ဝင်စေခဲ့ သည်။ ထိုသို့ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၁)နှင့် အမှတ်စဉ်(၂)တို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ အောင်မြင်စွာ ဖွင့်လှစ်သင် ကြားပေးလျက်ရှိသည်။
ယခုအခါတွင်လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၃)သို့ တက်ရောက် ရန်အတွက် နိုင်ငံ့သားကောင်းများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ သက်ဆိုင်ရာသင်တန်းကျောင်း အသီးသီးသို့ ရောက်ရှိလာကြရာ သက်ဆိုင်ရာတာဝန် ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက အောင်သပြေများဖြင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၃)တွင် သင်တန်းတက်ရောက်ရန် ရောက်ရှိလာခဲ့ကြသူများကို တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံအားပေးစကားပြောကြားပြီး ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် ကာ လိုအပ်သည်စုဖွဲ့ပြင်ဆင်မှုများနှင့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။