news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆန်အိတ်နှင့် ဆီများ ပေးအပ်လှူဒါန်း ၊ တိုင်းရင်းသားစာပေယဉ်ကျေးမှုအသင်း အဖွဲ့များနှင့် တွေ့ဆုံထောက်ပံ့

မြစ်ကြီးနား     ဇန်နဝါရီ ၁၁

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင် စုဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့နှင့်အတူ ဇန်နဝါရီ ၁၁ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်အတွင်းရှိ ဓမ္မရက္ခိတဝန်းသို ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြှော်ကြည်ညိုခဲ့ပြီး ဆွမ်းဆန် တော် ၊ ဆီနှင့် အလှူငွေများ လှူဒါန်း ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင် မြောင်းမြမြို့၊ မြစိမ်း ရောင်တောင်တော်၌ ကရင်နှစ်သစ်ကူးနေ့တွင် ကျင်းပသည့်   “ထူးချင်ဖူးစမ်းမြစိမ်းရောင်ပြခန်း”တက်ရောက်ဖွင့်လှစ်၍(၈၆)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တက်ရောက်
ပုသိမ် ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော် ၌ ကျင်းပသည့် “ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်း က အ‌ဆိုပါတောင်တော်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်  မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံ ကရင်တိုင်းရင်းသား၊တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်၊    ၆    / ၂၀၂၄

၁၃၈၅ ခုနှစ်၊ နတ်တော်လပြည့်ကျော်    ၁၄   ရက်

(၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ   ၁၀   ရက်)

ဒုတိယဝန်ကြီးခန့်အပ်တာဝန်ပေးခြင်း

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဦးထင်ကျော်သူ အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂) ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးလိုက်သည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဖြစ်သူ H.E. Mr. Alounkeo Kittikhoun အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

          မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာ ချမ်းသာ ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်း ကျော် ကမ္ဘာမှာလူဦးရေ သန်းငါးရာကျော်ရှိတဲ့ ဗုဒ္ဓဘာသာကိုရိုင်းစိုင်း စော်ကားဖျက်ဆီးတဲ့ အကြမ်းဖက်သောင်းကျန်းသူများလုပ်ရပ်အကြောင်းကို ကမ္ဘာသူ ကမ္ဘာသားများအားလုံးသိစေဖို့အတွက် တိုင်တည်အသိပေးလိုပါတယ်။ ကမ္ဘာသူ ကမ္ဘာသားများအားလုံး ဘာသာရေးခေါင်းဆောင်များအားလုံးခင်ဗျာ MNDAA ကိုးကန့်အကြမ်းဖက်သောင်းကျန်းသူများဟာ ကျွန်တော်တို့မြန်မာနိုင်ငံ မှာဘဲ နေထိုင်ပါတယ်။ မြန်မာ့ရေကိုသောက်ပါတယ်။ မြန်မာနိုင်ငံကိုဘဲမှီခိုပြီး အသက်မွေးဝမ်းကြောင်းပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံသူနိုင်ငံသားတွေ၊ ကမ္ဘာ့ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ် ထားရာ ဘုရား စေတီတော်ကို အခုလိုမိုက်ရိုင်းစော်ကားဖျက်ဆီးခဲ့ပါတယ်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းရှိ နတ်သံကွင်းရဲစခန်းအား အကြမ်း ဖက်သမားများ လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ငူလေတပ်စခန်းဌာနချုပ်၌ ကျင်းပသည်။

        မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မြန်မာ အထူးစီးပွား ရေး ဇုန် ဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကား ပြောကြား သည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။