news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း  (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန်များခင်းကျင်းပြသ ရောင်းချပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

နေပြည်တော်၊  ဖေဖော်ဝါရီ - ၁၀

          ၂၀၂၄ ခုနှစ် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် MSME ထုတ်ကုန် များခင်းကျင်းပြသရောင်းချပွဲနှင့် ရိုးရာအစားအစာများခင်းကျင်းရောင်းချပွဲ ဖွင့်ပွဲအခမ်းအ နားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဉပ္ပါတသန္တိစေတီတော်တောင်ဘက် တပေါင်း ကွင်း၌ ကျင်းပပြုလုပ်ရာ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်သည်။

          (၇၇) နှစ်မြောက်ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့တွင် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး သည်။

          မွန်ပြည်နယ်၊ ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် တရားမဝင် ဖုန်းရှာဖွေဖမ်းဆီး ရမိသည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန်ခေါ်သွားသည့် နိုင်ငံရေးအကျဉ်းသား နှစ်ဦးကို တိုက်ပိတ်အရေးယူခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသားများ၏ ကျန်းမာရေး ဆိုင်ရာအခွင့်အရေးတောင်းဆိုချက်အနေဖြင့် အချက် ၃ ချက်ကို လိုက်လျောပေးရန် အစာငတ်ခံဆန္ဒပြနေကြသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများဖြစ်သည့် DVB နှင့် Mizzima တို့မှ မဟုတ်မမှန် ရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများအား တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ၁၆ ကြိမ်ပစ်ခတ်ခဲ့ရာ ကျေးရွာနေပြည်သူများ ထွက်ပြေးနေရဟု မဟုတ်မမှန် သတင်းများကို လူမှုကွန်ရက်ပေါ်တွင် ရေးသား ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူ များအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင် အတွင်းသို့ ဝင်ရောက်လာသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေ များ သီးသန့်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီးဖြစ်ရာ ယနေ့ တွင်လည်း ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF သင်တန်းဆင်းအလင်းဝင်ရောက်သူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခြင်း နှင့် နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် လက်နက်၊ ခဲယမ်းများ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာန ချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဥပဒေဘောင် အတွင်း အလင်းဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက် ကြသည်။

                 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၌ လားရှိုးပြည်သူ့စစ်(ဌာနေ)အဖွဲ့ အခြေခံစစ်ပညာသင်တန်းအမှတ်စဉ်(၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် လက်နက်တပ် ဆင် အပ်နှင်းပွဲကို ယနေ့နံနက်ပိုင်းတွင် လားရှိုးမြို့၊ ပြည်ထောင်စု အားကစားခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် နိုင်နိုင်ဦး၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ  တက်ရောက်ကြသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ ဌာနအသီးသီးရှိ အငြိမ်းစားဝန်ထမ်းဟောင်း  များနှင့် ကြီးကြပ်သူများ စုစုပေါင်း ၄၇ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူး မြော်ကြည်ညိုကြသည်။

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီလ ၇ ရက်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှ လေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူကာ အောင်မြင်စွာဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည် တွန်းလှန် တိုက်ထုတ်ခဲ့သည်ကို သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။