မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ရှမ်းမြောင်း ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူ အပါအဝင် အလုပ်သမား ၆ ဦးကို တပ်မတော်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာကို တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် နေအိမ် ၅၀ ကျော် မီးလောင် ကျွမ်းခဲ့ကြောင်း လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းအမှားများကို မဟုတ် မမှန်ရေးသားဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဒီဇင်ဘာလ ၃၁ ရက်
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်ရှိ ပန်းယျကျေးရွာနှင့် လယ်ကောကြီးကျေးရွာ အကြားရှိ ရှမ်းမြောင်း ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူအပါအဝင် အလုပ်သမား ၆ ဦးကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၁၀ အချိန်ခန့်က တပ်မတော်မှ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်းနှင့် မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၀ ကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှား များကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media နှင့် RFA တို့က လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။































































