သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
news
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော် အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်၍ စက်ရုံ၊ အလုပ်ရုံများ၌ အလုပ်သမားများ စုဝေးဆန္ဒထုတ်ဖော် မှုများ ဖြစ်ပေါ်စေရန်အတွက် တရားဝင်ဖွဲ့စည်းထားခြင်းမဟုတ်သော အဖွဲ့အစည်းအဖြစ် နိုင်ငံတော်မှကြေညာထားသည့် Action Labour Right အမည်ခံအဖွဲ့မှ သူရိန်အောင် ခေါင်းဆောင်၍ သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသဖြင့် ဖမ်းဆီး ရမိရေး ဆောင်ရွက်ခဲ့ပါသည်။
တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီ ထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။
အကြမ်းဖက်မှုလုပ်ရပ်များကို မလိုလားသည့် ဒေသခံပြည်သူများ၏ သတင်းပေးပို့ချက် အရ စစ်ကိုင်းမြို့နယ်အတွင်း ခိုအောင်းနေသည့် PDF အမည်ခံအကြမ်းဖက်သမား များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် တိုက်ခိုက်ချေမှုန်း၊ လက်နက်၊ ခဲယမ်းများနှင့် အကြမ်းဖက်သမားအလောင်းအချို့ သိမ်းဆည်းရရှိ
နေပြည်တော်၊ ဇွန် - ၂၈
စစ်ကိုင်းမြို့နယ်၊ ကင်းတော်ကျေးရွာ၊ ဥယျာဉ်ကျေးရွာနှင့် လက်ပံတောကျေးရွာ အနီး လက်နက်/ခဲယမ်းများနှင့်အတူ ခိုအောင်းနေသော အကြမ်းဖက်အဖွဲ့ကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ဇွန် ၂၅ ရက်နေ့တွင် တိုက်ခိုက်ချေမှုန်းခဲ့ရာ အလောင်းအချို့နှင့် လက်နက်မျိုးစုံ ၄၂ လက်၊ ကျည်မျိုးစုံ ၅၀၀၉ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အဆိုပါဖြစ်စဉ်တွင် အချို့သော အကြမ်းဖက်သမား များသည် အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး၍ စဉ့်ကိုင်ကျေးရွာအနီးတွင် အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်နေသော အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကာ ခိုအောင်း လျက် ရှိကြောင်း အကြမ်းဖက်လုပ်ဆောင်မှုများကို လက်ခံနိုင်ခြင်းမရှိသည့် ဒေသခံ ပြည်သူအချို့၏ လျှို့ဝှက်ဆက်သွယ် သတင်းပေးပို့မှုအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက ယနေ့တွင် သွားရောက်ချေမှုန်းတိုက်ခိုက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမား အလောင်းအချို့၊ လက်နက်၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်း များအား ထပ်မံသိမ်း ဆည်း ရရှိခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေး အဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေး လျက်ရှိသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စု နယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယကျောင်းတော်သို့ ဗုဒ္ဓရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်းနှင့် သာသနာ့ဗိမာန် အဂ္ဂါဓိပတိဝိသုံဂါမ သိမ်တော်ကြီးသို့ နောင်တော်ကြီး ဗုဒ္ဓရုပ်ပွားတော်ပင့်ဆောင်ပူဇော် ခြင်း မင်္ဂလာအခမ်းအနားတို့ကို ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရား ဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။
ကယားပြည်နယ်အတွင်း နယ်စပ်ဒေသလုံခြုံရေးနှင့် ဒေသခံပြည်သူများ၏ လုံခြုံ ရေး ဆောင်ရွက်လျက်ရှိသည့် တောင်လှစခန်း၊ မယ်တနွယ်စခန်း၊ ဘီပီ-၁၄ စခန်း၊ မယ်စဲ့ စခန်းနှင့် နမ်ပေါင် စခန်းတို့အား KNDF နှင့် KNPP အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တို့က အင်အားစုအလုံးအရင်းဖြင့် ဇွန် ၁၃ ရက်မှ ၁၉ ရက်အထိ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံ ရေး တပ်ဖွဲ့ဝင်များနှင့် ထိတွေ့တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ဇွန် ၁၆ ရက်တွင် ပန်တိန်းဒေသရှိ တပ်မတော်ကွပ်ကဲမှုအောက် အမှတ်(၁၀၀၄) နယ်ခြားစောင့်တပ်သည် ဆက်သွယ်မှုများ ပြတ်တောက်ခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၅၆ မီတာ ကမ်းထိုးရေယာဉ် ၂ စီးသည် မြန်မာ့သစ်လုပ်ငန်းမှ သစ်ခွဲသား ဆိုဒ်စုံ ၁၃၆၁၃ ချောင်း စုစုပေါင်း ၂၀၀ တန်ခန့်အား တောင်ကုတ်မြို့၌တင်ဆောင်၍ ရသေ့တောင်သို့ ယနေ့ညနေပိုင်းတွင် ထွက်ခွာသွားသည်။