ပေါင်းတည်မြို့တွင် တပ်မတော်မှ နေအိမ်အလုံး ၂၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ညောင်လေးပင်မြို့၊ ရေဖြူကန်ကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံပြည်သူအချို့ သေဆုံး၊ ဒဏ်ရာရရှိမှုများရှိကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ဇန်နဝါရီလ ၆ ရက်
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့၊ သစ်ပုတ်ကျေးရွာအုပ်စု၊ တောင်ခမောက် ကျေးရွာရှိ နေအိမ်များကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်မှ မီးရှို့ဖျက်ဆီးခဲ့သည့် အတွက် နေအိမ် ၂၀ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။


















