၂၀၂၄ခုနှစ်၊တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းတွင် သက်ဆိုင် ရာ အားကစားနည်းများအလိုက် သတ်မှတ်ထားသော အားကစားကွင်း/ရုံများတွင် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
၂၀၂၄ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊ လေ) အမျိုးသား/ အမျိုးသမီး ဂျူဒိုပြိုင်ပွဲဆုပေးပွဲအခမ်းအနားကို ဇေယျာသိရိအားကစားရုံ (A)တွင်ကျင်းပရာ အသင်းလိုက် ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များယှဉ် ပြိုင်ကစားခဲ့ကြသည်။ ထို့နောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပ ပြုလုပ်ရာ အသင်းလိုက်ပြိုင်ပွဲ၊ ပထမ၊ ဒုတိယ ၊ တတိယ၊ ပူးတွဲ တတိယဆုရ အသင်းများနှင့် ကီလိုတန်း အလိုက် အမျိုးသား/အမျိုးသမီး အကောင်းဆုံးကစားသမားဆုရရှိသူများ၊ မျိုးဆက်သစ် အမျိုးသမီး တံခွန်စိုက်ဒိုင်း ဆုကို ရွှေ (၃)ခု၊ ငွေ (၁)ခု၊ ကြေး (၃)ခုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းနှင့် မျိုးဆက်သစ် အမျိုးသား တံခွန်စိုက်ဒိုင်းဆုကို ရွှေ (၃)ခု၊ ကြေး (၂)ခု ရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) အသင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုကို ရွှေ(၃)ခု၊ ငွေ(၂)ခု၊ ကြေး(၂)ခုရရှိသော ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ)အသင်း နှင့် အမျိုးသားတံခွန်စိုက်ဒိုင်း ဆုကို ရွှေ(၈)ခု၊ ငွေ (၂)ခု၊ ကြေး (၄)ခု ရရှိသော မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အသင်း၊ ပြိုင်ပွဲတွင် ကူညီဆောင်ရွက်ပေးသည့် ဒိုင်လူကြီများနှင့် တပ်မတော် ကာကွယ်ရေးဦးစီချူပ်၏ စုပေါင်းတံခွန်စိုက်ဒိုင်း ဆုကိုရွှေ(၁၁)ခု၊ ငွေ (၃)ခု၊ ကြေး (၅)ခုဖြင့်ရရှိသော မြောက်ပိုင်းတိုင်းစစ်ဌာနချူပ် အသင်းတို့အား တပ်မတော်ဂျူဒိုကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့် ပေးအပ်သည်။
ထို့ပြင်ဇေယျာသီရိတပ်မတော်အားကစားကွင်း၌ကျင်းပလျက်ရှိသော ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲတွင် အမျိုးသား/အမျိုးသမီး မာရသွန်ပြေးပြိုင်ပွဲယှဉ်ပြိုင်ကစားပြီး ပြိင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိ သူများကို တပ်မတော်အရာရှိကြီးများနှင့် တပ်မတော် ပြေးခုန်ပစ်ကော်မတီမှ တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ တပ်မတော်(ကြည်း၊ရေ၊လေ) အမျိုးသား/ အမျိုးသမီး ဘောလီဘော ပြိုင်ပွဲကို ဇေယျာသီရိ အားကစားရုံ(B)တွင် အမျိုးသား ကွာတားအဆင့်ပတ်လည် ပွဲစဉ်များကိုလည်းကောင်း၊ မြန်မာ့သိုင်းပြိုင်ပွဲကို ဇေယျာသီရိအားကစားရုံ(C)၌လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ (၅၄)ကြိမ်မြောက်၊ တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော်(ကြည်း၊ ရေ၊လေ) လက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း တပ်နယ်အားကစားခန်းမ၌ ကျင်းပရာ ကီလိုတန်းအလိုက်ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြပြီး နောက်ဆုပေးပွဲအခမ်းအနားဆက်လက်ကျင်းပရာ လက်ဝှေ့ဒိုင်လူကြီးများ ဂုဏ်ပြုဆုနှင့် “လူသစ်တန်း၊ “က” တန်း၊ အလွတ်တန်း" အဆင့် ဗိုလ်လုပွဲများတွင် တစ်ဦးချင်းဆုရရှိသူများအား တပ်မတော် လက်ဝှေ့ကော်မတီ၊ အတွင်းရေးမှူး တပ်မတော်ကိုယ်ခံပညာနှင့် အား ကစားသိပ္ပံမှ ကျောင်းအုပ်ကြီးက လည်းကောင်း၊ “လူသစ်တန်း”အဆင့် အကောင်းဆုံးလက်ဝှေ့ အားကစားသမားဆုအား မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ ဒုတိယဥက္ကဋ္ဌ(၁)က လည်းကောင်း၊ “က”အဆင့် အကောင်းဆုံးလက်ဝှေ့အားကစားသမားဆုအား မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ် မှ ဥက္ကဋ္ဌ(၂) က လည်းကောင်း၊ “ အလွတ်တန်း ”အဆင့် အကောင်းဆုံး လက်ဝှေ့အားကစားသမားဆုအား မြန်မာနိုင်ငံ လက်ဝှေ့အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ(၁)ကလည်းကောင်း၊ “လူသစ်တန်း”၊ “က”တန်း၊ “အလွတ်တန်း”အဆင့် တံခွန်စိုက်ဒိုင်းများအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း၊ ၂၀၂၄ခုနှစ်၊ (၅၄)ကြိမ်မြောက်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း၊ တပ်မတော်(ကြည်း၊ရေ၊လေ) လက်ဝှေ့ပြိုင်ပွဲမှ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ဆင့်ပွားဒိုင်းနှင့် တံခွန်စိုက်ဒိုင်းရရှိသော တောင်ပိုင်းစစ်ဌာနချူပ် အသင်းအား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်သည်။
အဆိုပါအားကစားပြိုင်ပွဲများသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံ လက်ဝှေ့အဖွဲချူပ်မှ တာဝန်ရှိသူများအရာရှိ၊ စစ် သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့်အားကစားဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်းသတင်းရရှိသည်။