ဒီပဲယင်းမြို့ပေါ်ရှိ နေအိမ်များကို တပ်မတော်က မီးရှို့ဖျက်ဆီးနေကြောင်း  သတင်းအတု၊ သတင်းအမှားများ မဟုတ်မမှန်ဖြန့်ဝေ ရန်ကုန်၊ စက်တင်ဘာ ၃၀

Monday, September 30, 2024 - 15:30

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ပေါ်ရှိ နေအိမ်များကို တပ်မတော်က မီးရှို့ဖျက်ဆီးနေကြောင်း သတင်းအတု၊ သတင်းအမှားများ မဟုတ်မမှန်သတင်းအမှားများဖြန့်ဝေ လျက်ရှိကြောင်း တွေ့ရသည်။

ဖြစ်စဉ်အမှန်မှာ စက်တင်ဘာလ ၂၉ ရက်နေ့က ဒီပဲယင်းမြို့နယ်အတွင်းသို့ PDF အမည်ခံအကြမ်း ဖက်သမားများ ရောက်ရှိနေပြီး အင်အားစုဖွဲ့လျက်ရှိကြောင်း ဒေသခံများ၏ လျှို့ဝှက်သတင်း ပေးပို့မှုအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက် သမားများ ထိခိုက်ဒဏ်ရာများဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ ဆုတ်ခွာစဉ် လုံခြုံရေး တပ်ဖွဲ့ဝင်များ ၎င်းတို့နောက်သို့ လိုက်လံချေမှုန်းခြင်း မပြုလုပ်နိုင်ရန်နှင့် ကျေးရွာများရှိ    နေအိမ်အချို့အား  မီးရှို့ဖျက်ဆီးခဲ့ကြောင်း   လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရသိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင် လွဲမှားစေမည့် သတင်းအမှားများနှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏အကြမ်းဖက်လုပ်ရပ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အပြစ်ပုံချခြင်းစသည့် လှုံ့ဆော်ဝါဒဖြန့်ဝေနေသည့် သတင်းများကိုသာ ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်းသတင်းရရှိသည်။