သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ပညာဇောတ ဦးစီးပဓာနပြု၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပြည့်သာဝက အပေါင်းတို့စုပေါင်း၍ ကျင်းပပြုလုပ်သော ရှင်သာမဏေ အပါး (၅၀၀၀) ရှင်ပြုခြင်းနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ဧပြီလ ၆ ရက်နှင့် ယနေ့တို့တွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ ဗိသာနိုးပျူမြို့တော်ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရားအနီး ဗဟိုမဏ္ဍပ်၌ ကျင်းပ ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ အဖွဲ့ဝင်၊ စလင်းမြို့၊ လက်ပံပင်စာသင်တိုက်၊ ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပဏ္ဍိတ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ရှင်သာမဏေလောင်းများနှင့် မိသားစုဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
news
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ အောက်ချိုင်ရွာကို ဧပြီ ၃ ရက်နေ့တွင် တပ်မတော်က လေကြောင်းမှ ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများဖြင့် ကြဲချတိုက်ခိုက် ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန် ကောလာဟလ သတင်းမှားများကို လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေလျက် ရှိသည်ကိုတွေ့ရှိရသည်။
ဖြစ်စဉ်အရ ဧပြီ ၃ ရက်နေ့တွင် တပ်မတော်က လေကြောင်းဗုံးကြဲ တိုက်ခိုက် သည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်းနှင့် ထိုနေ့တွင် လေကြောင်း ပျံသန်းမှုမရှိကြောင်းကို သက်ဆိုင်ရာနယ်မြေရှိ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မတ်လမှစပြီး နေအိမ်တိုင်း စစ်မှုထမ်းသွားမည့်သူများအား ထောက်ပံ့ပေးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် ငွေကြေးကောက်ခံမှုများကို အလွန်အကျွံ ပြုလုပ်လျှက်ရှိသည်ဟု သတင်းတု၊ သတင်းအမှားများကို ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်စာမျက်နှာ များတွင် မဟုတ်မမှန် စွပ်စွဲရေးသားထားပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၊နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီး ပဓာန နာယက နိုင်ငံတော်ဩဝါဒစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ နဂါးနှစ်ကောင် ဆရာတော်ဘုရားကြီး၏ အန္တိမ ဈာပနသာဓုကီဋ္ဌနပူဇာသဘင် အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းက တာချီလိတ်မြို့ ၌ ကျင်းပပြုလုပ်သည်။
CRPH၊ NUG တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ကျွဲဆည်ကန်(၁)လမ်းနှင့် ရန်ကုန်-မန္တလေးလမ်းမကြီးလမ်းထောင့်ရှိ မဟာအောင်မြေလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနရုံးသို့ လက်လုပ်ဗုံးဖြင့် ပစ်ခတ်သဖြင့် အပြစ်မဲ့ဒေသခံ ပြည်သူ ၂ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယကဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနအောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုအခြေအနေများ အား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များဖြည့်ဆည်းဆောင်ရွက်ပေး
နေပြည်တော်၊ ဧပြီ - ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက်(ကြာသပတေးနေ့) ၀၀၀၂ အချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည်။
ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)သို့ နေပြည်တော်တိုင်းစစ်ဌာန ချုပ်နှင့် တပ်နယ်မိသားစုများ၊ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းခြင်းနှင့် တစ်နေ့တာ အာဟာရဒါနကျွေးမွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင် စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နဘ်၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည် တော်)ရှိ သုခါဝါသအောင်စစ်သည်ဓမ္မာရုံ၌ ပြုလုပ်ရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ (နေပြည်တော်) စောင့်ရှောက်ရေးဗဟိုအဖွဲ့၊ ဥက္ကဋ္ဌ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့်တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ကြ သည်။
တရားမဝင်ပြည်ဖျက်မီဒီယာများက ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ ကျောက်စခန်း ကျေးရွာကို ဧပြီလ ၃ ရက်နှင့် ၄ ရက်တို့တွင် တပ်မတော်မှလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းများကြောင့် ရွာတစ်ဝက်ခန့် ပျက်စီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် စွပ်စွဲရေးသားထားပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။






















