မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ် ညောင်လေးပင်ကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ယာယီနေရပ်စွန့်ခွာသူ ၁၀၀ ဦးခန့်ကို လုံခြုံရေးတတပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာများက မဟုတ်မမှန်လှုံ့ဆော်ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ PDF အမည်ခံအကြမ်းဖက်သမားများသည် ဒေသခံပြည်သူများအသွင်ဆောင်၍ မြို့ရွာများ အတွင်း အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေခြင်းကြောင့် တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လှည့်ကင်းပတ်ကင်းများဆောင်ရွက်ခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ပြုလုပ်လျက်ရှိပြီး ယာယီနေရပ်စွန့်ခွာသူများကိုလည်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ တရားမဝင်ပြည်ဖျက်မီဒီယာများက လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများနှင့် အကြမ်းဖက် သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရေးသားထားသည့် လုပ်ကြံသတင်းများ ကိုသာ ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။