news

          မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကတိုင်ကျေးရွာအတွင်းသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ဝင်ရောက်ခဲ့ပြီး ပြည်သူ ၁ ဦးကို ဖမ်းဆီးသွားခဲ့ ကြောင်းနှင့် ကျေးရွာအတွင်းမှ ရွှေ၊ ငွေ၊ ကား၊ ဆိုင်ကယ်တို့ကို ယူဆောင်သွားခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်းအမှားမျာကို တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်နှာများတွင် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ တုမရကျေးရွာမှ အပြစ်မဲ့ပြည်သူ ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

              ဝါဆိုလပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်များအနေဖြင့် မြတ်စွာဘုရားရှင်အား ရည်မှန်း၍ ဥပုသ်သီလဆောက်တည်ခြင်း၊ ပဋ္ဌာန်းဒေသနာတော်နှင့် ပရိတ် တရားတော်များ ရွတ်ပွားပူဇော်ခြင်း၊ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်း ကပ်လှူခြင်း၊ ကုသိုလ်ဒါနသီလပွားများခြင်းစသည့် သူတော်ကောင်းတရားများကို ကြိုးစားအားထုတ်ဆောင်ရွက်ကြရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊  ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးနှင့် မန္တလေးမြို့ရှိ မဟာမြတ်မုနိဘုရားကြီး အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးများ၌ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ မိဘပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက် ဖူးမြော်ကြည်ညို ကုသိုလ်ယူကြသူများနှင့် စည်ကားလျက်ရှိသည်။

          နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်အတွင်း ဇူလိုင် ၁၆ ရက် နံနက်ပိုင်းတွင် ပေါက်ကွဲသံများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့ ချက်အရ  လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ လယ်ဝေးမြို့နယ်၊ ကြံခင်းကျေးရွာနှင့် ကန်သာကျေးရွာအနီး၌ ရှော့တိုက်ဒုံး ၃ လုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာအား တွေ့ရှိရပြီး လူနှင့်အဆောက်အဦ ထိခိုက် ပျက်စီးမှုမရှိကြောင်း သိရှိရသည်။

          မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင် အောင်ပွဲ (၁)နှစ်ပြည့်အထိမ်းအမှတ်  ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ကြည်ညို ပြီး ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

              ဝါဆိုလပြည့်နေသည့် သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ပြာဋိဟာ ဆိုသော ထူးမြတ်သည့် ဂုဏ်ဒြပ်လေးရပ်အပြင် ဗုဒ္ဓမြတ်စွာဘုရားဖြစ်ကြောင်း ဝန်ခံသောနေ့ဖြစ်ခြင်း၊ တရားရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ သံဃာ ရတနာစတင်ပေါ်ပေါက်လာသောနေ့ဖြစ်ခြင်း၊ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံလာသောနေ့ဖြစ်ခြင်း၊ မြတ်ဗုဒ္ဓ၏ ဧဟိဘိက္ခု ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်ခြင်း စသည့်ဖြင့် ထူးခြားဂုဏ်ဒြပ်ကိုးရပ်တို့နှင့် ပြည့်စုံ သောနေ့ထူးနေ့မြတ်ဖြစ်သည်။

          PDF အမည်ခံအကြမ်းဖက်သမားများသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ လဆန်းပိုင်း မှစ၍ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်၍ စဉ့်ကူးမြို့ဝန်းကျင်ရှိ လုံခြုံရေးတပ်စခန်းများကို တိုက်ခိုက်ခြင်း၊ မြို့ အတွင်းသို့ဝင်ရောက်ပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းနှင့် လုံခြုံရေးဆောင်ရွက်နေသောနေရာ များကို တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့သည်။

          (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော် အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်ဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။

          (၇၇)နှစ်မြောက် အာဇာနည်နေ့တွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် နိုင်ငံတော် အလံအား တိုင်ဝက်လျှော့ချလွှင့်ထူ၍ အလေးပြုခြင်းအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်ဆောင်ကြီးများကျဆုံးခဲ့ရာ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်းရှိ ဝန်ကြီးများရုံး(ယခင်အတွင်းဝန်ရုံး)၌ ကျင်းပသည်။

မြန်မာနိုင်ငံ၏ လူသားချင်းစာနာမှုဆိုင်ရာအခြေအနေနှင့် စပ်လျဉ်း၍ ဥရောပသမဂ္ဂ နှင့် နိုင်ငံအချို့က ထုတ်ပြန်သည့် ပူးတွဲသတင်းထုတ်ပြန်ချက်ကို ကုလသမဂ္ဂဆိုင်ရာ အမေရိကန်အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ နိုင်ငံရေးရာအထူးကိစ္စရပ်များ တာဝန်ခံ သံအမတ် Mr. Robert Wood က ၁၅-၇-၂၀၂၄ ရက်တွင် နယူးယောက်မြို့၊ ကုလ သမဂ္ဂဌာနချုပ်ရှိ သတင်းစာရှင်းလင်းပွဲ ကျင်းပသည့်နေရာ၌ ဖတ်ကြားခဲ့သည်ကို တွေ့ရှိရသည်။