မွန်ပြည်နယ်အတွင်းမှ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၄/၂၀၂၄)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ယနေ့တွင် မော်လမြိုင်မြို့ရှိ နယ်မြေခံသင်တန်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်နှင့် တာဝန်ရှိသူများက သွားရောက် တွေ့ဆုံအမှာစကား ပြောကြားသည်။
news
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၄)ကို ဇူလိုင် ၃၁ ရက်၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ကုက္ကိုခွကျေးရွာအုပ်စုအတွင်းသို့ ဇူလိုင်လ ၂၈ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး၊ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒ ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တည်ထောင်သည့် (၉၇) နှစ်မြောက် အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ရှိ Novotel Max ဟိုတယ်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး တက်ရောက်သည်။
ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ် (၆/၂၀၂၄)ကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေး ခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါနိုးကူးရပ်ကွက်ရှိ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းအတွက် ရုံးသုံးအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ ဒွေးမယ်နော် အဆောင်၌ ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။
ပြည်ထောင်စုဝန်ကြီးများ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ ပုဂံခေတ်ရေအရင်းမြစ်ဆိုင်ရာ ရေလမ်းကြောင်း၊ ရေကန်များ ၊ ရှေးဟောင်းသာသနိကအဆောက်အအုံများ၊ ပုဂံမြို့ဟောင်း ကျုံးတူးဖော်ထိန်းသိမ်းမှုများနှင့်ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများ လှည့်လည်စစ်ဆေး
နေပြည်တော်၊ ဇူလိုင် ၂၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သယံဇာတရေးရာ ဝန်ကြီး ဦးရွှေဇင်တို့သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အင်တော ကျေးရွာ ၈လက်မ စက်ရေတွင်းတူးဖော်မှု၊ ဆည်ပေါက်ရှိ စက်ရေတွင်းများ တူးဖော်ရန် လျာထားမှု၊ မြို့ရေပေးဝေမှု၊ ကျောက်ပန်းတောင်းမြို့၏အနောက်မြောက်ဘက် (၆)မိုင်ခန့်အကွာရှိ ကျွန်းခင်းကြီး ရေလှောင်တမံအမှတ် (၂) (အလျား ၂၇၀၀ပေ၊ အမြင့် ၇၀ ပေ) တည်ဆောက်ရန်လျာထားမှု အခြေအနေတို့ကို လှည့်လည် ကြည့်ရှု စစ်ဆေးပြီး မြို့ရေပေးဝေရေး၊ ပိုက်လိုင်းများ ပြန်လည် သွယ်တန်းနိုင်ရေး Plan ရေးဆွဲဆောင်ရွက်ရန်၊ မြို့နေလူထုအနေဖြင့်လည်း ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးရန်နှင့် တည်ဆောက်ဆဲ ကျွန်းခင်းကြီး ရေလှောင်တမံတွင် ဂါလန် (၁) သိန်း ဆံ့ ကန်ကို တည်ဆောက်၍ ဆိုလာစနစ်ဖြင့် ရေစုပ်ယူရန်နှင့် ကျောက်ပန်းတောင်း မြို့ ရေပေးဝေရေး ဆောင်ရွက်ရန် မှာကြားသည်။
























































































