news
ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မြစ်ကြီးနား)သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆန်အိတ် (၅၀၀၀) အိတ်၊ ရေစုပ်စက် (၂၀၀) လုံး၊ မီးစက် (၃၉၉) လုံး၊ မိုးကာတဲ (၂၀၀) လုံး၊ ခေါက်ဆွဲခြောက် (၃၉၇၉) ဖာ၊ ရေဆူ ပိုးသတ်ဆေးပြား (၅၀၀) ပုံး၊ ကလိုရင်းဒိုင်အောက်ဆိုဒ် (၁၉၉၉) ဘူး၊ ခရီးဆောင် ဆို လာ မီးအိမ် (၁၂၅) ဖာ၊ ခြင်ထောင်(၄၀၀)ဖာ၊ စောင်(၂၅၀)ဖာ၊ ကျန်းမာရေးဝန်ကြီး ဌာနမှ ဆေးပစ္စည်းမျိုးစုံနှင့် အာဟာရမှုန့်များ(၁၆၁၆)ဖာ၊ ကျန်းမာရေးအသိပညာပေး စာအုပ် (၁၈) ဖာ၊ ပီနံ(၂)အိတ် စုစုပေါင်း ကုန်တန်ချိန် ၄၅၃.၂ တန်ခန့်အား ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်ဆိပ်ကမ်းတံတား၌ တင်ဆောင်၍ စစ်တွေမြို့သို့ ထွက်ခွာသွား သည်။
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့ အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက် နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။