မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများပါဝင်သော အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် မကာအို-မြန်မာချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr.Jose Wong ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့မှ UMFCCI ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးတင်ဦး နှင့် တာဝန်ရှိသူများ၊ မကာအို-မြန်မာ ချစ်ကြည်ရေးအသင်းမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် မြန်မာ-တရုတ်ချစ်ကြည်ရေး အဓွန့်ရှည် တည်တံ့ရန်နှင့် ပိုမို တိုးတက်ရန် အဓိကထားဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ IT ကဏ္ဍ၊ ဆေးဝါး ကဏ္ဍ စသည့် နယ်ပယ်ပေါင်းစုံတွင် ရင်းနှီးမြှပ်နှံမှုဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်း စွာဆွေးနွေးခဲ့ကြသည်။
ယင်းနောက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌနှင့် မကာအို-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ တို့သည် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။