news

ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတရွေးကောက်ပွဲတွင် အနိုင်ရရှိသော Vladimir Vladimirovich Putin ထံသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံ့ခေါင်းဆောင်များက ဝမ်းမြောက်ကြောင်း သဝဏ်လွှာများပေးပို့ ခဲ့ကြောင်းသတင်းဖော်ပြ

နေပြည်တော်၊ ၂၀၂၄ မတ် -၂၀

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်ထိ ပြုလုပ်ခဲ့ပြီး သမ္မတလောင်း ၄ ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒဿမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒဿမ ၃၁ ရာခိုင်နှုန်း၊  Vladislav Andreevich Davankov က ၃ ဒဿမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutskyက ၃ ဒဿမ ၂၀ ရာခိုင်နှုန်း အသီးသီးရရှိခဲ့ပြီး Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ 
အမိန့်ကြော်ငြာစာအမှတ် ၆၁/၂၀၂၄ ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် (၂၀၂၄ ခုနှစ်၊ မတ်လ ၂၀ ရက်) ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များဆိုင်ရာ ပြဋ္ဌာန်းချက်ကို ဒုတိယအကြိမ်ဖြည့်စွက်ပြဋ္ဌာန်းချက်ထုတ်ပြန်ခြင်း

              အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး(၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ခဲ့သည့်အတွက် ပြည်သူများ နယ်စပ်နှင့်ပြည်ပများ သို့ ထွက်ခွာသူများပြားနေကြောင်း ကောလာဟလသတင်းအမှားများကို ပြည်ဖျက် NUG အဖွဲ့မှ ပြည်သူများကို ထင်ယောင်ထင်မှားဖြစ်စေရန်အတွက် ဝါဒဖြန့်ဝေ နေသည်ကို တွေ့ရှိရသည်။

          ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ အချို့တွင် စစ်မှုထမ်းစာရင်းများ ကောက်ခံရာတွင်  အမျိုးသမီးများကိုပါ ကောက်ခံ လျက်ရှိကြောင်း ကောလာဟလ သတင်းတု၊ သတင်းအမှားများကို ပြည်သူများ စိုးရိမ်စိတ်များဖြစ်ပေါ်စေရန် တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက် ပေါ်တွင် ရေးသားဖြန့်ဝေနေသည် ကိုတွေ့ရှိရသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ စတင်ခွင့်ပြုပေးခဲ့ရာ ပြည်တွင်းပြည်ပမှ ဘုရားဖူးလာ ရောက်သူများဖြင့် နေ့စဉ်မပြတ်စည်ကားလျက်ရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၄ ခုနှစ်)

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၂၀  /၂၀၂၄)

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း   ၁၁    ရက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေ

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၁၉  / ၂၀၂၄)

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း    ၁၁     ရက်

ရုရှား-မြန်မာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား ၂၀၂၄ခုနှစ်အတွင်း အကောင် အထည်ဖော်ဆောင်ရွက်မည့် စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ဥပဒေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Jasmine ဟိုတယ်၌ကျင်းပပြုလုပ်သည်။