စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနား ကားလမ်း ခရီးသွားယာဉ်ပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းဖြင့် ပစ်ခတ်၍ ဘုန်းကြီး ၁ ပါး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးသည်ဟု တရားမဝင် ပြည်ဖျက်မီဒီယာများက သတင်းအမှားများ မဟုတ်မမှန် ရေးသားဖြန့်ဝေလျက် ရှိကြောင်း တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ကန့်ဘလူမြို့နယ်အတွင်း တာဝန်ထမ်း ဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းခဲ့ရာ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းတွင် ကသာ-မန္တလေးပြေးဆွဲသည့် “ငွေအိုးမန်း” ခရီးသည်တင်မော်တော်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့မှ မန္တလေးမြို့သို့ မောင်းနှင်ထွက်ခွာလာစဉ် ကန့်ဘလူမြို့နယ်၊ ပေကြီးကျေးရွာ အနီးအရောက် PDF အမည်ခံအကြမ်းဖက် အဖွဲ့က Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ မော်တော်ယာဉ်အနီးသို့ Drop Bomb တစ်လုံးကျရောက် ပေါက်ကွဲခဲ့မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသွားပြည်သူ ၄ ဦး ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး အသက်(၄) နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ အကြမ်းဖက်သမားများ၏ လူမဆန်သော အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်အတွက် အကြမ်းဖက်အားပေး တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့သည်ဟု ဖြစ်စဉ် လွဲမှားစွာ ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားဖြန့်ဝေနေခြင်းဖြစ်ကြာင်း သတင်းရရှိသည်။