ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၇ / ၂၀၂၄ )လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

Monday, November 18, 2024 - 15:45

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၇ / ၂၀၂၄ )

၁၃၈၆ ခုနှစ် ၊  တန်ဆောင်မုန်းလပြည့်ကျော်   ၃   ရက်

( ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ   ၁၈   ရက် )

လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈)လမ်း (မြောက်ဘက်)၊ အောင်သာယာ ရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  လူမှုစီးပွားမြှင့်တင်ရေးပါတီ ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင် ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

              လူမှုစီးပွားမြှင့်တင်ရေးပါတီ ၏ မှတ်ပုံတင်အမှတ်မှာ ( ၅၄ ) ဖြစ်ပါသည်။

 

 

( ပုံ ) ကိုကို

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်