သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မန္တလေးတိုင်းဒေသကြီး ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသရှိ နိုင်ငံတော်အကြီးအကဲ၏ခရီးစဉ်လမ်းညွှန်ချက်ပါ ဆောင်ရွက်ထားရှိမှုများနှင့် ရှေးဟောင်းရေကန်များ တူးဖော် ပြုပြင် ထိန်းသိမ်းခြင်းတို့ကို ယနေ့ နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
news
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတသစ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာ (၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ မန္တလေးမြို့)
(Embargo: Not to be released before 2000 hrs, 28 July 2024)
Press Release
Deputy Prime Minister and Union Minister for Foreign Affairs U Than Swe leaves for Islamic Republic of Iran to attend the Swearing-in Ceremony of the new President-Elect of the Islamic Republic of Iran
(28 July 2024, Mandalay)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ် နှင့် နိုင်ငံခြားရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မိုဟာမက် ဘက်ဂါ ဂါလီဘာ့ဖ် ၏ ဖိတ်ကြားချက်အရ တီဟီရန်မြို့၌ ကျင်းပပြုလုပ်မည့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ၊ သမ္မတ အဖြစ် ရွေးကောက်ခံထားရသည့် မစ္စတာ မာဆော့ ပါဇက်ရှ်ကီရမ် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနား (Swearing-in Ceremony) သို့ ပါဝင်တက်ရောက်ရန် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်းခရီးဖြင့် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာခဲ့သည်။ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက်ခဲ့ကြသည်။
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးနှင့် သမ္မတဟောင်း ငုယင်ဖုကျောက်၏ နိုင်ငံတော်ဈာပန အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယမန်နေ့ ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ စစ်သံမှူးနှင့် သံရုံးမှ တာဝန်ရှိသူများ၊ တပ်မတော်အရာရှိကြီးများက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုနှုတ် ဆက်ကြသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုး စီးပွားကို အစဉ်အလေးထား စီမံဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အဓိက အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ သို့ဖြစ်ရာ နိုင်ငံတော်အစိုးရသည် နိုင်ငံ့ ဝန်ထမ်းများ နိုင်ငံတော်၏တာဝန်ထမ်းဆောင်ရာတွင် စားဝတ်နေရေးနှင့်သက်သာချောင်ချိရေး ကို အထောက်အကူဖြစ်စေရန်အတွက် အခါအားလျော်စွာ လစာနှုန်းထားတိုးမြှင့်ခြင်းနှင့် အပို ထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ သီရိလင်္ကာနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန် General Kamal Gunaratne (Retd)က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ အိန္ဒိယနိုင်ငံ၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် H.E. Shri Ajit Doval က ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
e-Government ဦးဆောင်ကော်မတီ၏(၁/၂၀၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ e-Government ဦးဆောင်ကော်မတီနာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် မြန်မာနိုင်ငံဆိုင်ရာရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E.Mr. Is-kander Azizov အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။




























































