ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီး ကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားဝါဒ ဖြန့်ဝေလျက်ရှိ
နေပြည်တော်၊ ၂၀၂၄ နိုဝင်ဘာ-၂
ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာအချို့၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများနှင့် နေအိမ်များအားမီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်။
ဖြစ်စဉ်အမှန်မှာ ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ကျီစု၊ ကျောက်တိုင်၊ ဝက်တိုးရွာများရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များအား PDF အမည်ခံအကြမ်းဖက်သမားများက နှင်ထုတ်၍ သာသနာ့နယ်မြေဖြစ်သော ကျောင်းဝန်း အတွင်းနှင့် စာသင်ကျောင်းများ၌ ခိုအောင်းစခန်းချကာ လက်လုပ်သေနတ်များ၊ လက်လုပ်စိန်ပြောင်းများနှင့် လက်လုပ်မိုင်းမျိုးစုံတို့အား ပြုလုပ်နေကြောင်း သတင်း အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ အဆိုပါရွာများအတွင်း PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားခဲ့သည့် မိုင်းများ၊ ဘာသာရေးအဆောက်အဦးများနှင့် စာသင်ကျောင်းများအတွင်း ကင်းစောင့်ခဲ့သည့် နေရာများ၊ ဘန်ကာ/ပစ်ကတုတ်များ၊ လက်လုပ်သေနတ်၊ စိန်ပြောင်း၊ မိုင်းများနှင့် လက်လုပ်များ ပြုလုပ်ရာတွင်သုံးသည့် လက်သုံးကိရိယာမျိုးစုံတို့အား ဖော်ထုတ် သိမ်းဆည်းရရှိခဲ့သည်။
ထိုသို့ ရပ်ကွက်၊ ကျေးရွာများအတွင်း အကြမ်းဖက်သမားများ ခိုအောင်းမှုမရှိ စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက် နေမှုအပေါ် အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများက ပြည်သူလူထုအထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိပြီး အကြမ်းဖက်သမား များ၏ လုပ်ရပ်များအား ပြည်သူများသိရှိစေရန် သတင်းထုတ်ပြန်အပ်ပါသည်။