news

ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု အခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပ ပြုလုပ်သည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

                 ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများနှင့် တာဝန်ရှိသူများက  နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

                 နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူ အပန်းဖြေ ခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ ငပလီ ကမ်းခြေများသို့ တပ်မတော်လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့သည်။

                 ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံ ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော် သားများနှင့် တာဝန်ရှိသူများက  နေ့စဉ်ရောင်းချပေးလျက်ရှိသည်။

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

              မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်အတွင်း ပုလိပ်ဘူတာနှင့် စဉ့်ကိုင် ဘူတာအကြား မိုင်တိုင်အမှတ်(၃၇၁/၁ မှ ၃)အတွင်း ရထားသံလမ်းဆက်ပြားများနှင့် သံလမ်းဆက်မူလီများအား အဖျက်သမားများက ယုတ်မာပက်စက်သော အကြံဖြင့် ဖြုတ်ယူဖျက်ဆီးခဲ့မှုကြောင့် မြစ်ငယ်မှ ရန်ကုန်တိုင်းဒေသကြီး ရွာသာကြီးခရီးစဉ် ထွက်ခွာလာသည့် အမှတ်(၉၂၄)အစုန် ရထားလမ်းချော်မှုဖြစ်ပွားခဲ့သည့် သတင်းအား ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

မာရဝိဇယ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော် အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်မင်္ဂလာ မော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံစေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇူလိုင် - ၂၈

ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတည်ဆောက်လျက်ရှိသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော် မင်္ဂလာမော်ကွန်းကမ္ဗည်းဖွင့်လှစ်ခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဥဏ္ဏလုံမွေးရှင်တော် စီသွင်းပူဇော်ခြင်းနှင့် ကျောက်စာရုံ စေတီတော်တွင် မော်ကွန်းကျောက်စာတော် တည်ထားပူဇော်ခြင်း မင်္ဂလာအခမ်းအနား များကို ယနေ့နံနက်ပိုင်းတွင် သီးခြားစီကျင်းပပြုလုပ်ရာ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ပူဇော်သည်။

၂၀၂၃ ခုနှစ်၊ ဒုတိယအကြိမ် နိုင်ငံအဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား ကိုယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် အတွင်းတည်ထား ကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီး ပရိဝုဏ်တော်အတွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ လင်းလွန်းပင်ကို ဦးဆောင် စိုက်ပျိုးပေးသည်။

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ  အထူးကိုယ်စားလှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ ဇူလိုင် - ၂၈

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာအထူးကိုယ်စား လှယ် Mr. Deng Xijun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ ဧည့်ခန်းမ၌ လာရောက် ဂါရဝပြုတွေ့ဆုံသည်။