ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နှင့် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တို့တွင် စစ်မှုထမ်း အပတ် စဉ် ၇ အတွက် လူငယ်များကို တပ်မတော်နှင့် အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်း ဖမ်းဆီးခြင်းများနှင့် ငွေကြေးခြိမ်းခြောက်မှုများ ဖြစ်ပေါ်နေကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာက သတင်းအတု သတင်း အမှားများ မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိကြောင်းတွေ့ရသည်။
အဆိုပါသတင်းနှင့်ပတ်သက်ပြီး တပ်မတော်အနေဖြင့် ထိုသို့စစ်မှု့ထမ်းရန်အကျပ်ကိုင်ခြင်းမျိုး မရှိ ကြောင်း၊ ပြည်သူ့စစ်မှုထမ်း ခေါ်ဆောင်ရာတွင် ပြည်သူ့စစ်မှုထမ်းခေါ်ယူရေး ဥပဒေစည်းမျဉ်း စည်း ကမ်း အတိုင်း လက်တွေ့မြေပြင်တွင် အဆင့်ဆင့်စစ်ဆေးပြီးမှ ခေါ်ယူလျက်ရှိကြောင်း၊ အကြမ်းဖက်သမားများ ကသာ လူသစ်စုဆောင်းခြင်းကို အသက်အရွယ်အကန့်အသတ်မရှိ အတင်းအဓမ္မစုဆောင်းလျက်ရှိကြောင်း၊ ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သမားများက အေးချမ်းစွာ နေထိုင်လှုပ်ရှားသွားလာနေသော လူငယ် လူရွယ်များကို လမ်းမှားရောက်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာများမှ လုပ်ကြံဖန်တီးရေးသားခြင်းသာ ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရသိရသည်။