news

          မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်သော ယနေ့တွင် နှစ်ဉီးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဇီဝိတဒါနငါး၊ ငှက်လွှတ်ခြင်းနှင့် သက်ကြီးဘိုးဘွားများအား ပူဇော် ကန်တော့ခြင်းတို့ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်များနှင့် တပ်ရင်း/တပ်ဖွဲ့အသီးသီး၌ ပြုလုပ်ကြသည်။

          မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစား မဏ္ဍပ်ပိတ်ပွဲများကို မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ယနေ့သည် ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့ဖြစ်ပြီး နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်သို့ ကူးပြောင်း ရောက်ရှိသည့် အချိန်အခါကာလတွင် နိုင်ငံတစ်ဝန်းရှိ ပြည်သူအားလုံးအနေဖြင့် ပျော်ရွှင်ဖွယ်၊ မင်္ဂလာရှိဖွယ် ရက်မြတ်ကာလအဖြစ် သတ်မှတ်ထားကြကာ ကောင်း သောအမှုများကို ဆောင်ရွက်ကြ၍ နှစ်သစ်ကို ကြိုဆိုဖြတ်သန်းကြလေ့ရှိသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်  ၃၂ /၂၀၂၄  ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း    ၉   ရက်(၂၀၂၄ ခုနှစ်၊ ဧပြီလ    ၁၇    ရက်)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်  ၃၁ /၂၀၂၄  ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း     ၉    ရက်(၂၀၂၄ ခုနှစ်၊ ဧပြီလ     ၁၇    ရက်)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်  ၃၀ /၂၀၂၄  ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း    ၉     ရက်(၂၀၂၄ ခုနှစ်၊ ဧပြီလ    ၁၇     ရက်)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်        

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်   ၂၉  / ၂၀၂၄ ၁၃၈၆ ခုနှစ်၊ တန်ခူးလဆန်း     ၉    ရက်(၂၀၂၄ ခုနှစ်၊ ဧပြီလ    ၁၇    ရက်)ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်

ယနေ့ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ မြန်မာ နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူအားလုံးအပါအဝင် ကမ္ဘာ တစ်ဝန်းလုံးမှာရှိကြတဲ့ ကမ္ဘာသူကမ္ဘာသားများအားလုံး ဘေးဘယာ များကင်းဝေးပြီး စိတ္တသုခ၊ ကာယသုခတို့ဖြင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ယခုကာလဟာ ကျွန်တော်တို့ မြန်မာတွေရဲ့ အယူအဆအရ နှစ်ဟောင်းမှာပြုလုပ်မိတဲ့ မကောင်းတဲ့ အတွေး၊ အပြုအမူနဲ့လုပ်ရပ်များကို အတာသင်္ကြန်ရေနဲ့ဆေးကြောပြီး နှစ်သစ်မှာ ကောင်းမွန်တဲ့အရာများနဲ့ ပြန်လည်စတင်ဖို့ ပြင်ဆင် ကြတဲ့ကာလဖြစ်ပါတယ်။

            တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့ ပြည်သူ့ဆေးရုံအား ယနေ့ညနေပိုင်းတွင် အကြမ်းဖက်သမားများက Drop Bomb များဖြင့် ယုတ်မာ ရက်စက်စွာ ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။