၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ် နေပြည်တော်၊ ၂၀၂၄ အောက်တိုဘာ - ၂၇

Sunday, October 27, 2024 - 15:30

             ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ရန်ကုန် တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ ကျောင်းသား၊ ကျောင်းသူများအတွက် (ဒုတိယအကြိမ်)ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံ များပေးအပ်ပွဲကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ ကျင်းပပြုလုပ်ရာ  တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

            ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက်  တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်၊ တပ်ရင်း/တပ်ဖွဲ့များမှ အခြေခံပညာအဆင့်နှင့် တက္ကသိုလ် အဆင့်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူ ၄၄၆ ဦး အတွက် ပညာသင်စရိတ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သတင်းရရှိသည်။