စစ်ကိုင်းတိုင်းဒေသကြီ၊ ဝက်လက်မြို့နယ်၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ၁ ဦး၏ နေအိမ်အား ဆူပူအကြမ်းဖက်သူများက ဝိုင်းဝန်းရန်ပြုပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီး
နေပြည်တော်၊ မေ ၂
၂၀၂၁ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ၁ ဦး၏နေအိမ်အား ဆူပူအကြမ်းဖက်သူများက ဝိုင်းဝန်းရန်ပြု တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် နေအိမ်မှန်များကွဲအက်ပျက်စီးကာ သိုလှေင်ရုံအဆောက်အဦ ၁ လုံးနှင့် ဆိုင်ကယ် ၉ စီးတို့မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။







