နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် ရည်ရွယ်ချက်ဖြင့် လှုံ့ဆော်သူအား ဖမ်းဆီးရမိ
နေပြည်တော်၊ မေ - ၂
နိုင်ငံ၏ အုပ်ချုပ်မှုယန္တရားပုံမှန်လည်ပတ်ရေးနှင့် တိုင်းပြည်တည်ငြိမ် အေးချမ်း ရေးကို မလိုလားသည့် ဆူပူအကြမ်းဖက်လူတစ်စုက CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်း၊ လှုံ့ဆော်ခြင်း၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စေသည့် Social Punishment ပြုလုပ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်။
ထိုသို့လုပ်ဆောင်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ တီဘီ ရောဂါအထူးကုဆေးရုံကြီးမှ ဒေါက်တာ ရဲဟိန်းအောင်(ဘ)ဦးကိုကိုကြီး၊ ဒေါ်တင်မေသူ (ဘ)ဦးတင်မောင်(ဓါတ်ခွဲမှူး) ဒေါ်ဇင်မာမြင့်(ဘ)ဦးမြသောင်း(အထက်တန်းသူနာပြု)၊ ဒေါ်လှလှဝင်း(ဘ)ဦးစိန်လှ (သူနာပြုဆရာမကြီး )နှင့် ဒေါ်ဇင်မာဦး(ဘ)ဦးဗိုလ်ဆန်း (အထက်တန်းသူနာပြု)တို့သည် CDM လှုပ်ရှားမှုတွင် ပါဝင်ခြင်း၊ တည်ငြိမ်အေးချမ်းစွာ လုပ်ငန်းတာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား လိုက်လံစည်းရုံးခြင်း၊ လူမှု ကွန်ယက်စာမျက်နှာပေါ်တွင် လှုံ့ဆောင်စာများရေးသားခြင်းနှင့် CDM လှုပ်ရှားမှုတွင် မပါဝင်သည့်ဝန်ထမ်းများအား ဖိအားပေးခြိမ်းခြောက်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် ဧပြီ ၁၇ ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က(ဂ)ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
ထိုသို့အမှုဖွင့်လှစ်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် ၎င်းတို့ကို တီဘီရောဂါအထူးကု ဆေးရုံကြီး (ကုတင်-၂၀၀)ရှိ ဝန်ထမ်းအိမ်ရာရှိ နေအိမ်များ၌ ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဉပဒေ နှင့်အညီ အရေးယူနိုင်ရေး လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။