ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းပုံမှန်အတိုင်း လည်ပတ်လျက်ရှိ
နေပြည်တော်၊ မေ - ၂
Mobile Internet ယာယီပြတ်တောက်နေစဉ်ကာလအတွင်း ဘဏ်နှင့်မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများ၏ Internet အသုံးပြု၍ ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာ System များ၊ Application များကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းခဲ့ရာ ဧရာဝတီဘဏ်၊ ကမ္ဘောဇ ဘဏ်၊ သမဝါယမဘဏ်၊ အင်းဝဘဏ်၊ ဧရာဝတီတောင်သူလယ်သမားများ ဖွံ့ဖြိုး ရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၊ အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်နှင့် ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဘဏ် တို့မှ Mobile Banking ၊ Internet Banking ၊ Mobile top-up ၊ Other Cards top-up ၊ Bill payment များ၊ Visa Master Credit Card Payment ၊ MPU Cards ၊ All ATMs ၊ Bank Pay များမှ Account to Account Transfer ၊ Wallet to Wallet ၊ Bank to Wallwt ၊ Wallet to Bank ၊ CBM Net ၏ CCT Function စသည့် ဝန်ဆောင်မှုများကို အများပြည်သူများအတွက် ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၈ ရက်မှ စ၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးခဲ့သည့်အတွက် ယခုအခါ ဘဏ်လုပ်ငန်းများ၊ မိုဘိုင်း ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ ပုံမှန်အတိုင်း လှည့်ပတ်စီးဆင်းလျက်ရှိ ကြောင်းနှင့် ဈေးဝယ်စင်တာများ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်ကြီးများ၊ ဟိုတယ် များနှင့် အခြားငွေပေးချေရေးလုပ်ငန်းများ၌လည်း MPU Cards ၊ Visa Master Credit Card Payment စသည့် Cards များ အသုံးပြု၍ ဈေးရောင်းဈေးဝယ် လုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင် အခြားလုပ်ငန်းများ၌ ပုံမှန်အတိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။