တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

Monday, May 3, 2021 - 06:30

တူမီးသေနတ်များ၊ လက်လုပ်သေနတ်များနှင့် ဆူပူအကြမ်းဖက်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များအား လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်အပ်နှံ

နေပြည်တော်၊ မေ - ၁

             တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့၌ လက်နက်ကိုင်ဆောင်လိုခြင်းမရှိဘဲ အေးချမ်းစွာနေထိုင်လိုသည့်ပြည်သူလူထုအများစုမှ ၎င်းတို့၏ သဘောဆန္ဒပြများအလျောက် ၎င်းတို့ ထံတွင်ရှိသောတူမီးသေနတ်များ၊ လက်လုပ်သေနတ်၊ ဒူးလေးနှင့် ဂျင်ကလိများအုပ်ချုပ်ရေး တာဝန်ရှိ သူများမှတစ်ဆင့်လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံခဲ့ကြောင်းသိရသည်။

             ထို့သို့အပ်နှံရာတွင် ဧပြီလ၃၀ ရက်နှင့် ယနေ့တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဂနိမ်းကျေးရွာရှိလက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လက်လုပ်သေနတ် ၁ လက် အားလည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဘူးတောင်း(အနောက်)ကျေးရွာနှင့် မိုးကောင်းကျေးရွာတို့မှ လက်လုပ်သေနတ် ၂ လက်အားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးကျေးရွာမှ လက်လုပ်သေနတ် ၂ လက်အားလည်းကောင်း၊ ပဲခူးတိုင်း ဒေသကြီး၊ ပန်းတောင်းမြို့နယ် အတွင်းရှိကျေးရွာများမှ လက်လုပ်သေနတ် ၄၅ လက်အား လည်းကောင်း ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံလာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

             ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ်သေနတ်များအားလုံခြုံရေးတပ်ဖွဲ့ဝင်များမှ လက်ခံရယူခဲ့ပြီးစနစ်တကျ သိမ်းဆည်း ထားရှိ ကြောင်းသတင်းရရှိပါသည်။