KIA အဖွဲ့ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင်း ဒေသခံပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိ၊ မော်တော်ယာဉ် ၁ စီး မိုင်းစထိမှန်ပျက်ဆီး
နေပြည်တော်၊ မေ - ၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ WE ARE ONE တစ်သျှူးငှက်ပျောကုမ္ပဏီမှ ကန်ပိုက်တည်မြို့သို့ ငှက်ပျောဖာများတင်ဆောင်လာသည့် စိုင်းကွမ်းမိန်း(ဘ) ဦးအိုက်ကွမ်း မောင်းနှင်လာသည့် ၂၂ ဘီးအမျိုးအစား အဖြူရောင်ယာဉ်အမှတ်၊ 7L/---သည် မေ ၁ ရက် နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် ဝိုင်းမော်မြို့၏အရှေ့ဘက် ၁၇ မိုင်ခန့် အကွာသို့အရောက်၌ KIA အဖွဲ့မှ ထောင်ထားသောမိုင်း ၂ လုံး ပေါက်ကွဲခဲ့သဖြင့် မော်တော်ယာဉ်၌ မိုင်းစများထိမှန်၍ အနည်းငယ်ပျက်စီးခဲ့ပြီး ယာဉ်မောင်းမှာထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် ဝိုင်းမော်မြို့နယ်၊ ဝါရှောင်ကျေးရွာနေ မမေသူဆိုင်း(ဘ)ဦးနော်ဆိုင်း သည် ဝါရှောင်ကျေးရွာဘက်မှ ဝိုင်းမော်မြို့ဘက်သို့ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ဝိုင်းမော်မြို့၏အရှေ့ဘက် ၈ မိုင်ခန့်အကွာသို့ အရောက်၌ KIA အဖွဲ့မှ ထောင်ထားသောမိုင်း ၁ လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် မမေသူဆိုင်း တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး မြစ်ကြီးနားမြို့ တပ်မတော်ဆေးရုံ သို့ ပို့ဆောင်ဆေးကုသမှုခံယူလျက်ရှိသည်။
အဆိုပါ မိုင်းစထိမှန်းဒဏ်ရာရရှိ ကြောင်း သတင်းရရှိသည်။