news

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ကြီး နှင့် မဟာဂန္ဓရုံကျောင်းတိုက်ဆရာတော်ကြီးတို့၏ ကျန်းမာရေးအခြေအနေများအား သွားရောက်ကြည့်ရှု၊ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်၊ ရွှေကျီးမြင်ဘုရားအား သွားရောက်ဖူးမြော်ကြည်ညို

နေပြည်တော်၊ ဖေဖော်ဝါရီ - ၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာဇံမြို့နယ်၊ မဟာဝိဇိတာရုံ ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာနနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ ၊ သက်တော် ၉၇ နှစ်၊ ဝါတော် ၇၇ ဝါရှိ သက်တော်ရှည်ဆရာတော်ကြီးသည် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိရာမှ ကျန်းမာရေးအခြေအနေပြန်လည် ကောင်းမွန်လာခဲ့ပြီဖြစ်သဖြင့် မဟာဝိဇိတာရုံ ပရိယတ္တိစာသင်တိုက်ကြီး ၌ ပြန်လည် သီတင်းသုံးတော်မူလျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု ဖူးမြော်ကြည်ညိုသည်။

Today, I will reply to questions raised by media about efforts of the government in combatting online scams and other criminal activities and people’s military service issues.

တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းရိုးတန်းတစ်လျှောက်မှ မြို့နယ်၊ ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ

နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီလ - ၇ ရက်

              တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု များပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)သည် တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်း မြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအား ဇန်နဝါရီလ ၁၆ ရက်မှ ဖေဖော်ဝါရီလ ၅ ရက် အထိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၂)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည် ရောက်ရှိလာရာ သန်လျင်တပ်နယ်မှ ဗိုလ်မှူးချုပ် သိန်းထူး ဦးဆောင်သော တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများကကြိုဆို နှုတ်ဆက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီး များ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍  မန္တလေးတိုင်းဒေသကြီး၊ အင်းဝမြို့ဟောင်းရှိ လောက သရဖူဘုရားကြီးနှင့် မောင်အိုအုတ်လမ်း ထိန်းသိမ်းထားရှိမှုအခြေအနေများကို သွား ရောက်ကြည့်ရှုစစ်ဆေးသည်။

          နိုင်ငံတော်အစိုးရအနေဖြင့် တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေး လိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းလုပ်ကိုင်မှုများကို နိုင်ငံတကာနှင့်ပူးပေါင်း၍ ၎င်းဒုစရိုတ်မှု နှိမ်နင်းရေးကို တက်ကြွစွာ ဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် မိမိတို့ဒေသများအတွင်း တရားမဝင်အွန်လိုင်းလောင်းကစားနှင့် ငွေကြေးလိမ်လည်မှု (ကျားဖြန့်)လုပ်ငန်းများအပါအဝင် အခြားဒုစရိုတ်လုပ်ငန်းများ မရှိစေရေး ဖော်ထုတ် ခြင်း၊ အရေးယူဆောင်ရွက်ခြင်းများကို ပြတ်ပြတ်သားသား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့များက တင်းတင်းကြပ်ကြပ် စီစစ်ရှာဖွေဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

          ဒီနေ့မှာတော့ မီဒီယာများမေးမြန်းနေကြတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့အခြား ဒုစရိုက်လုပ်ငန်းများကို နိုင်ငံတော်အစိုးရအနေနဲ့ နှိမ်နင်းနေတဲ့အခြေအနေ နှင့် ပြည်သူ့စစ်မှုထမ်းကိစ္စတွေနဲ့ပတ်သက်ပြီး မေးမြန်းထားတာတွေကို ပြန်လည်ဖြေကြားသွားပါမယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဖေဖော်ဝါရီလ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဝမ်တာပုံကျေးရွာအနီးတွင် မိုင်းခတ်မှ ကျိုင်းတုံဘက်သို့ စိုင်းလုံဝန်း မောင်းနှင်လာသည့် TOYOTA PROBOX မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်၏ကိုယ်ထည်အံဝှက်များအတွင်းမှ ဒေသ ကာလတန်ဖိုးငွေကျပ်သိန်း ၅,၂၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး ကက်တမင်း ၆၂ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါး ကက်တမင်း များအား မိုင်းယန်းမြို့နယ်၊ မိုင်းဖျန်မြို့မှ မြန်မာ-ထိုင်းနယ်စပ်၊ တာချီလိတ်မြို့နယ်သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကြောင့်  ယာယီစစ်ဘေးရှောင် ထွက်ပြေးလာသည့် ဒေသခံသက်ကြီးပိုင်း အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

နိုင်ငံတော်အနေဖြင့် နယ်စပ်ဒေသများတွင် ဖြစ်​ပေါ်လျက်ရှိ​သော Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို ပြတ်ပြတ်သားသား နှိမ်နင်းဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံအတွင်းသို့ အထောက်အထားမဲ့ဝင်ရောက်လာသူများအား သက်ဆိုင်ရာနိုင်ငံများသို့ ထပ်မံလွှဲပြောင်းပေးအပ်လျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၆

          နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောနယ်စပ်ဒေသများ၌ လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများအပေါ် အခွင့်ကောင်းယူ၍ ပြည်ပနိုင်ငံသား အချို့အနေဖြင့် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ် ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို  ကျယ်ပြန့်စွာလုပ်ဆောင်လျက်ရှိသဖြင့် စိစစ်ဖော်ထုတ်ခြင်း နှင့်ပြန်လည်လွှဲပြောင်းခြင်း လုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်လျက်ရှိသည်။