ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်
နေပြည်တော်၊ ၂၀၂၆ မေ ၂၈
၂၀၂၆-၂၀၂၇ ခုနှစ်၊ ပညာသင်နှစ် ကျောင်းဖွင့်ရာသီတွင် ကျောင်းသား/ကျောင်းသူ များ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းခတ်မြို့၊ တာချီလိတ်မြို့၊ မိုင်းခွန်မြို့နှင့် မိုင်းယန်းမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများ၌ ကျောင်းဝန်း အတွင်း/အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ဆောင် အတွင်း/အပြင် သန့်ရှင်းရေးပြုလုပ်ပေးခြင်းနှင့် စာသင်ခုံများနေရာချ ထားပေးခြင်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်နှင့် တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
