ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံနေမှုအား ကြည့်ရှုအားပေး
နေပြည်တော်၊ ၂၀၂၆ မေ ၂၈
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက် တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက် တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၅ ရက်မှ မေ ၃၁ ရက်အထိ စနေ၊ တနင်္ဂနွေအပါအဝင်ပိတ်ရက်မရှိ သတ်မှတ်၍ မြန်မာနိုင်ငံ တစ်ဝှမ်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိကြသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမှတ်(၇) အခြေခံ ပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အတန်းစဉ်အလိုက် ကျောင်းအပ်နှံမှုနှင့် ကျောင်းအပ်လက်ခံနေမှုများကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

