တပ်မတော်သားမိသားစုဝင်များအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ မေ ၂၈

Thursday, May 28, 2026 - 16:00

တပ်မတော်သားမိသားစုဝင်များအတွက် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၆ မေ ၂၈

              ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သည့် စက်ချုပ် နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင် ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ အသေးစားစက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်တန်းသူများ၊ သင်တန်းနည်းပြများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

              ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက သင်တန်းဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သင်တန်းသူများအတွက် သင်တန်းသုံးအထောက်အကူပြု ပစ္စည်းများပေးအပ်ရာ သင်တန်းသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက သင်တန်းသုံး အထောက်အကူပြုပစ္စည်းများအား လိုက်လံကြည့်ရှုကြသည်။

              အဆိုပါသင်တန်းအား တပ်မတော်သားမိသားစုဝင် သင်တန်းသူ ၂၀ ဦးဖြင့် ဇူလိုင် ၁၁ ရက်အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။