နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ဂျပန်ဝန်ကြီးချုပ်ဟောင်းနှင့် ဂျပန်-မြန်မာချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ တို့အား ဂုဏ်ထူးဆောင်ဘွဲ့နှင့် စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်များ ဂုဏ်ပြုချီးမြှင့်
နေပြည်တော်၊ ဖေဖော်ဝါရီ - ၂၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် ၂၀၂၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့ကြ သည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့် အပ်နှင်းခဲ့ပြီး ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် အခမ်းအနားများကို အောင်မြင်စွာ ကျင်းပခဲ့ကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့် ဂုဏ်ထူး ဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

















