ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ကြေညာထားသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက် ထောက်ပံ့နေသူများနှင့် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်သူများအား ပြစ်ဒဏ် အသီးသီးချမှတ်
နေပြည်တော်၊ မေ - ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၅)ရပ်ကွက် နေ ရဲမင်းနိုင်(ခ)ရဲရင့်(ဘ)ဦးဌေးလွင်၊ စိုးမိုး၊ သန့်ဇင်၊ ဒေဝ၊ ဆံရှည်၊ အသေးလေးနှင့် မအေးအေးမင်း(ခ) ဘိုမလေးတို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၁)ဖြင့် အကြမ်းဖက်အုပ်စုများအဖြစ် သတ်မှတ်ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ ၂၀၂၂ ခုနှစ်၊ မတ် ၆ ရက်တွင် အဆိုပါ ရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးအား ဒလန်ဟုစွပ်စွဲသတ်ဖြတ်ရာတွင် ပါဝင်ခြင်း တို့ကြောင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများဆောင်ရွက် ခဲ့ရာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ- ၅၄ အရ ၂၀၂၂ ခုနှစ်၊ မေ ၁၈ ရက်တွင် ၎င်းတို့ ၇ ဦးအား “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။