ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ငြိမ်းချမ်းရေးဆွေးနွေးမှုနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ချက် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်
၂၀၂၂ ခုနှစ် ၊ ဇွန်လ ၁၄ ရက်
၁။ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးလိုလားတောင့်တ လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးရရှိရန်ဦးတည်၍ ယခု ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ်သတ်မှတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကလည်း ဧပြီလ ၂၂ ရက်နေ့တွင် ငြိမ်းချမ်းရေးမိန့်ခွန်းတစ်ရပ်ပြောကြား၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဥက္ကဋ္ဌ/ခေါင်းဆောင်ဦးစီး အဖွဲ့ဝင် ၂ ဦးဖြင့် ငြိမ်းချမ်းရေးအတွက် ရိုးသားပွင့်လင်းစွာ ဆွေးနွေးနိုင်ရေး ဖိတ်ခေါ်ကမ်းလှမ်း ခဲ့သည်။