ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် ထောက်ပံ့ရေးနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ပို့ဆောင်

Friday, June 16, 2023 - 16:30

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ထောက်ပံ့ရေးရေယာဉ်တစ်စီးသည်  မိုးကာတဲ ၁၀၅ လုံး၊ စားသောက်ဖွယ်ရာမျိုးစုံ ၁၅၀၀ အိတ်၊ ဆေးဝါးမျိုးစုံ ၅၃၄ ပုံး၊ မြန်မာစီးပွားရေး ကော်ပရေးရှင်းမှ စားသုံးဆီဘူးများပါဝင်သော စက္ကူဖာ ၂၄၅၀ ဖာ၊ အချိုရည် ၄၆ ကဒ် စုစုပေါင်း ကုန်တန်ချိန် ၁၃၀ တန်ချိန်အား ရန်ကုန်မြို့၌ တင်ဆောင်၍ စစ်တွေမြို့သို့ ယနေ့ နံနက်ပိုင်းတွင် ထွက်ခွာခဲ့သည်။

အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ် ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်း ဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။