Tuesday, June 20, 2023 - 17:15
ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူ များအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုးရေယာဉ် ၁ စီးသည် ရခိုင်ပြည်နယ်အစိုးရမှ ဆီသွပ်ဗူး ၁၃၅၇ ဖာ ၊ ပဲ ၄၅၀ ဖာ နှင့် မျောတိုင် ၅၆၈ ချောင်း စုစုပေါင်းကုန်တန်ချိန် ၃၄ တန်အား ရေချမ်းပြင်ကမ်းထိုးရပ်မှဘူသီးတောင်သို့ ယနေ့နံနက်ပိုင်းတွင် ပို့ဆောင် ပေးခဲ့သည်။
အဆိုပါ စစ်ရေယာဉ်မှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ်ရေး ပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်းဒဏ် သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။