ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၃၂ / ၂၀၂၃ ) ၁၃၈၅ ခုနှစ် ၊ ပထမဝါဆိုလဆန်း  ၄  ရက် ( ၂၀၂၃ ခုနှစ် ၊  ဇွန်လ  ၂၁  ရက် ) မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers’ Development Pa

Wednesday, June 21, 2023 - 17:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၃ / ၂၀၂၃ )

၁၃၈၅ ခုနှစ် ၊ ပထမဝါဆိုလဆန်း  ၄  ရက်

( ၂၀၂၃ ခုနှစ် ၊  ဇွန်လ  ၂၁  ရက် )

မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ

(Myanmar Farmers’ Development Party)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုခြင်း

              ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ ချမ်းသာရွှေပြည်အိမ်ရာ၊ (၁၀)ရပ်ကွက်၊ မြို့တော်(၂)လမ်း၊ အမှတ် (စီ/၁၀)တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော  မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers’ Development Party) ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။

              မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ (Myanmar Farmers’ Development  Party)၏ မှတ်ပုံတင်အမှတ်မှာ ( ၂၇ ) ဖြစ်ပါသည်။

 

                                     

( ပုံ ) သိန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်