news

          ပုဂံညောင်ဦးဒေသအတွင်း သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံး မှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်း အဝေး ကို ယနေ့နေ့လယ်ပိုင်းတွင် ညောင်ဦးမြို့၊ ညောင်ဦးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး တေဇကျော်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ လေဘေး သင့်ပြည်သူများအား ဆန်၊ ဆီ၊ ကြက်ဥ၊ စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ပစ္စည်း များနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အိမ်မဲမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်း၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင် နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ မြောင်းမြခရိုင် သဘာဝ ဘေးအန္တရာယ်ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်အဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုအသင်းအဖွဲ့များနှင့် လေဘေးသင့်ပြည်သူ များ တက်ရောက်ကြသည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများ၌ လူနေအိမ် ၈၆၄ လုံး၊ သာသနိက အဆောက်အဦ ၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း၊ စာသင်ကျောင်း ၆၄ ကျောင်း၊ ဆေးရုံ/ဆေးခန်း ၁၄ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၇ ခု၊ လမ်းမီးတိုင် ၇၁ တိုင်၊ ဌာနဆိုင်ရာအဆောက်အဦ ၃၈ လုံး ပျက်စီးခဲ့

နေပြည်တော်၊ မေ - ၁၅

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်လျက်ရှိပါ သည်။

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံး မှုများဖြစ်ပေါ်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများက လှူဒါန်းသည့်  ကူညီကယ်ဆယ်ရေး ပစ္စည်းများနှင့် ထောက်ပံ့ရေးပစ္စည်းများကို တပ်မတော်မှ လေယာဉ်/ရဟတ်ယာဉ် များဖြင့် စစ်တွေမြို့သို့ ပို့ဆောင်

နေပြည်တော်၊ မေ - ၁၅

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)တိုက်ခိုက်မှုကြောင့် ရခိုင်ပြည်နယ် အတွင်း ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ လူနေအိမ်များ၊ ဌာန ဆိုင်ရာ အဆောက်အဦများ ပြိုကျပျက်စီးခြင်း၊ သစ်ပင်သစ်ကိုင်းများ လဲကျ၍ လမ်းများ ပိတ်ဆို့ခြင်း၊ ကားလမ်းများ ရေကျော်ခြင်း၊ လမ်းမီးတိုင်များ ပျက်စီးခြင်း၊ တာဝါတိုင်များ ပျက်စီးခြင်း နှင့် မြေပြိုခြင်းများ ဖြစ်ပေါ်ခဲ့ဖြင့် ဒေသခံပြည်သူများ အနေဖြင့် ဘေးလွတ်ရာ မုန်တိုင်းဒဏ်ခံ ကာကွယ်ရေးအဆောက်အဦ(Cyclone Shelter များ၊ ယာယီခိုလှုံရာစခန်းများ တွင် နေထိုင်လျက်ရှိသည်။

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းများဖြစ်ပေါ်ခဲ့သည်။

          ရခိုင်ပြည်နယ်သဘာဝဘေးသင့် ပြည်သူများအား ကူညီဆောင်ရွက်ရေးအတွက် အလှူငွေလှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ၌ပြုလုပ်ရာ နိုင်ငံတော် ဩဝါဒါ စရိယသောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

          မေလ ၁၃ ရက် မွန်းလွဲ ၂ နာရီ က ဆိုင်ကလုန်း မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်၊ တော်တလုပ်ကျေးရွာအုပ်စု၊ သုံးခွကျေးရွာနှင့် ကျီးချောင်းကျေးရွာ တို့ရှိ  နေအိမ်(၅)လုံး ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)၏ အရှိန်ကြောင့် ဒီရေမြင့်တက်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းများဖြစ်ပေါ်လျက်ရှိပါ သည်။

          ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ကြရာ ပြည်နယ်ဝန်ကြီးချုပ်  ဒေါက်တာဝုန်ဆွန်းထန်၊ အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်သဘာဝဘေးအန္တရာယ်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြ သည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယအကြိမ် (အရေးပေါ်)အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ကျင်းပရာ အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာ စကားပြောကြား သည်။