news

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးတွင်  စုစုပေါင်း ပျက်စီးဆုံးရှုံးမှုနှင့် သေဆုံးမှုမှာ လူနေအိမ် ၁၈၃၀၂၄ လုံး၊ သာသနိက အဆောက်အဦ ၁၇၁၁ လုံး၊ ဘုန်းတော်ကြီးကျောင်း ၅၉ ကျောင်း၊ စာသင်ကျောင်း ၁၃၉၇ ကျောင်း၊ ဆေးရုံ/ ဆေးခန်း ၂၂၇ ခု၊ ဆက်သွယ်ရေးတာဝါတိုင် ၁၁ ခု၊ ဓာတ်မီးတိုင် ၁၁၉ တိုင်၊ ထရန်စဖော်မာ ၅ ခု၊ ဈေး ၁ ခု၊ လေဆိပ် ၂ ခု၊  ဌာနဆိုင်ရာ အဆောက်အဦ ၃၄၀ လုံး ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ၅၄ ဦး သေဆုံးခဲ့

နေပြည်တော်၊ မေ - ၁၈

          ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော အလွန့်အလွန်အားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) မေလ ၁၄ ရက်တွင်  တိုက်ခိုက်မှု ကြောင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ပျက်စီးဆုံးရှုံးမှု စာရင်းများအား အချိန်နှင့်တပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။

            အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

          ၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်း (Mocha) ဝင်ရောက်မှု ကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် ရခိုင်ပြည်နယ်တို့အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်နှင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်တို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့ပြီးဖြစ်သည်။

          တပ်မတော်(ရေ)မှ စစ်ရေယာဉ်(မုတ္တမ)သည် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(Mocha)ကြောင့် ရခိုင်ပြည်နယ်အတွင်း သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများရှိ ပြည်သူလူထုအတွက် လိုအပ်သည့် ထောက်ပံ့ရေးပစ္စည်းများဖြစ်သော  ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်၊ ဒီဇယ်၊ အဝတ် အထည်၊ မီးစက်၊ မိုးကာတဲများနှင့် တာပေါ်လင်အစများ၊ သွပ်နှင့်ဆက်စပ်ပစ္စည်းများ၊ ချိန်းဆောများ၊ စားအုန်းဆီများ၊ စည်သွပ်ဘူးများ၊ MPT Mobile Van ကားများ၊  ရေသန့်စင် စက်ကားများ စုစုပေါင်း တန် ၁၀၀၀ ခန့်အား လည်းကောင်း၊ စစ်တွေမြို့အတွင်း မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် လျှပ်စစ်မီးကြိုးများအား ပြင်ဆင်နိုင်ရန် လျှပ်စစ်လုပ်သား ၁၀၄ ဦး အပါအဝင် လူပေါင်း ၁၁၆ ဦးအား တင်ဆောင်၍ မေ ၁၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ စတင်ထွက်ခွာခဲ့ပြီး စစ်တွေမြို့ Essar တံတားသို့ မေ ၁၈ ရက် နံနက်ပိုင်းတွင် ရောက်ရှိဆိုက်ကပ်၍ လိုအပ်သည့်ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိပါသည်။

            အလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA) ဝင်ရောက်ခဲ့မှုကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရသည့် ဒေသများတွင် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များက လိုအပ် သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက် အား တိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

           ရခိုင်ကမ်းရိုးတန်းဒေသသို့ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်းမိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြစ် ပေါ်ခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရပ်ကွက်/ကျေးရွာများမှ မုန်တိုင်းဒဏ် သင့်ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယနိုင်ငံမှ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီများပေးအပ်ရန် ကူညီကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများ တင်ဆောင်လာသော အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS-Shivalik၊ INS-Kamorta နှင့် INS-Savitri တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိကြသည်။ အဆိုပါအိန္ဒိယရေတပ်မှ စစ်ရေ ယာဉ်များအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E.Mr.Vinay Kumar နှင့် သံရုံး၊ စစ်သံရုံးတို့မှတာဝန်ရှိသူများ၊ တပ်မတော်(ရေ)မှအရာရှိကြီးများနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

          ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်း လူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံလေကြောင်း လူငယ်သင်တန်း (အကြီးတန်းအဆင့်)နှင့် အခြေခံလေကြောင်း လူငယ်သင်တန်း (အငယ်တန်းအဆင့်) ဖွင့်ပွဲများကို ဧပြီ ၂၄ ရက်တွင် သက်ဆိုင်ရာ မြို့နယ် အသီးသီးရှိ သင်တန်း စခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြား ပေးလျက်ရှိသည်။

တပ်မတော်အနေဖြင့် ဆိုင်ကလုံးမုန်တိုင်းမိုခါ(MOCHA)တိုက်ခတ်မှုကြောင့် ပျက်စီဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည့် ဒေသများသို့ ကူညီကယ်ဆယ်ရေးဖွဲ့များ အားစုဖွဲ့ စေလွှတ်၍ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုန်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သည့်အပြင် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများ၊ စေတနာရှင်အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ထောက်ပံ့ပေးအပ်သည့် ပစ္စည်း များကိုလည်း တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များ၊ ရေယာဉ်များဖြင့် ကူညီ ပို့ဆောင်ပေးလျက်ရှိသည်။

၁။     မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့်   မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834  နှင့်  နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမိန့်အမှတ်၊    ၃၄    / ၂၀၂၃

၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်ကျော်   ၁၅     ရက်

(၂၀၂၃ ခုနှစ်၊ မေလ   ၁၈   ရက်)

 ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း

၁။      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့ သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၃ ခုနှစ်၊ မေလ ၁၅ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ၁/၂၀၂၃ နှင့် ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်နေ့ ရက်စွဲပါ ကြေညာချက်အမှတ် ၂/၂၀၂၃ တို့ဖြင့် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ယင်း ကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အောက်ဖော်ပြပါ တပ်မတော်အရာရှိကြီးများအား ယှဉ်တွဲပါမြို့နယ်များတွင် တာဝန်ပေးအပ် လိုက်သည်-