နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြန်မာနိုင်ငံ၏ ပထမဆုံးသင်္ဘောကျင်းဖြစ်သည့် ဒလသင်္ဘောကျင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး
နေပြည်တော်၊ ဇူလိုင် - ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်း ဒေသ ကြီး ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒလသင်္ဘောကျင်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးသည်။
ဦးစွာ အစည်းအဝေးခန်းမတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း က ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာန သမိုင်းအကျဉ်း၊ ဌာန၏ရည်မှန်းချက်များ၊ ဌာနများ အလိုက် ဖွဲ့စည်း ထားရှိမှုနှင့် ဝန်ထမ်းများခန့်အပ်ထားရှိမှု အခြေအနေများ၊ ဌာနခွဲများအလိုက် ရေယာဉ် များထားရှိမှုနှင့်နှင့် ရေယာဉ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများ၊ သင်္ဘောကျင်း များ၏ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေယာဉ်များ လွန်းတင်၍ ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ဘဏ္ဍာရေးနှစ်အလိုက် ရေယာဉ်များ တည်ဆောက်နိုင်မှု၊ ပြင်ပ ပုဂ္ဂလိကရေယာဉ်များ ပြုပြင်မှုမှ ဝင်ငွေရရှိမှု၊ နိုင်ငံတစ်ဝှမ်းရှိ ဌာနခွဲများအလိုက် ရေယာဉ်များ ပြေးဆွဲနိုင်မှု အခြေအနေများကိုလည်းကောင်း။